ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ "မြွေတို့သည် အလမ္ပါယ် ဆရာ၏ ပုလွေသံနှင့် အတူ ကခုန်ကြသည်" ဆိုသော အယူအဆသည် တစ်ကယ်လား၊ လူတို့ရဲ့ ပါးစပ်ပြောစကားလားဆိုတာကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ တစ်တီတူးငှက်သည် မိုးပြိုမည်စိုးသဖြင့် ဇော်ထိုးအိပ်တတ်ကြတယ်၊ မိကျောင်းတွင် လျှာမရှိ၊ ဗျိုင်းသည် လေဥ အုသည် စသည်ဖြင့် တိရိစ္ဆာန်များနှင့် ပတ်သက်သော ပါးစပ်ပြောများကို ကြားဖူးကြမှာဖြစ်ပါတယ်...။

Photo credit pngtree

ထိုကဲ့သို့ ထင်မြင်ယူဆချက်များသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတွင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျယ်ပြန့်စွာရှိနေကြတာဖြစ်ပါတယ်...။ တိရိစ္ဆာန်တို့နှင့် ပတ်သက်သည့် အချို့သော ထင်မြင်ယူဆချက်ပါးစပ်ပြောများသည် သဘာဝကျကျ လက်ခံနိုင်ဖွယ်ရာ မရှိသော်လည်း ထူးခြားသော စရိုက်လက္ခဏာသွင်ပြင်များ အများဆုံးပါဝင်နေသည်ကို တွေ့ရှိနိုင်ကြပါတယ်...။ ယင်းတို့အနက်မှ "မြွေတို့သည် အလမ္ပါယ်ဆရာ၏ ပုလွေသံနှင့်အတူ ကခုန်ကြတယ်" ဆိုတဲ့ ထင်မြင်ယူဆချက်က လွဲမှားနေသော လူတွေရဲ့ ပါးစပ်ပြောလား၊ ဒါမှမဟုတ် တစ်ကယ်ပဲလား ဆိုတာကို အောက်မှာ ဆက်လက်ရှုစားသွားကြပါဦး...။

Photo credit pngtree

အိန္ဒိယနိုင်ငံရှိ မြို့ရွာများ၏ လမ်းများပေါ်တွင် တွေ့ရလေ့ရှိသည့် မြွေအလမ္ပါယ်ပြပွဲများတွင် အလမ္ပါယ်ဆရာ လုပ်ပြနေသည့်ပုံက အံ့သြဘွယ်တစ်ရပ်ဖြစ်ပါတယ်...။ ထူးထူးခြားခြား ပြုလုပ်ထားသော သူ၏ပုလွေကို အလမ္ပါယ်ပြသူက ချော့မြှူသံပါသည့် တေးသံတစ်ခုခုဖြင့် မှုတ်နေချိန်တွင် သူ့ရှေ့တွင်ရှိနေသောမြွေကယိမ်းနွဲ့ကာ ကခုန်ပြနေသကဲ့သို့ ဖြစ်နေပါတယ်...။ မြွေတို့သည် အသံ၏ တုန်ခါမှုကို သိနိုင်သော်လည်း လူသားများကဲ့သို့မည်သည့် အသံကိုမျှ၊ မည်သည့် ဂီတကိုမျှ မကြားနိုင်ကြပါဘူး...။ ထို့ကြောင့် အလမ္ပါယ်ပြသူ၏ ဂီတသံကို လိုက်ကနေခြင်းမဟုတ်ဘဲ ပုလွေ၏ လှုပ်ရှားမှုကို ကြည့်ကာ ပုလွေ၏ လှုပ်ရှားနေမှုကို တုန့်ပြန်နေခြင်းသာ ဖြစ်ပါတော့တယ်..။ မှန်ကန်တဲ့ အရာကိုသိရှိသွားပြီ ဖြစ်တာမလို့ စာဖတ်ပရိသတ်ကြီး ကျေနပ်အားရကြမယ်လို့ ယုံကြည်ပါတယ်နော်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။