အမိုက်စားခန္ဓာကိုယ်အလှတရားတွေကြောင့် ပုရိသတွေပါမက မိန်းကလေးပရိသတ်များကပါ အားကျနေရသူကတော့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပါ။ သင်ဇာဟာ ရုပ်ရှင်ဇာတ်ကားကြီးများရိုက်ကူးနေရုံသာမကပဲ ပွဲအခမ်းအနားများလည်း တက်​ရောက်နေရသူတစ်ယောက်ပါ။ လတ်တလောမှာလည်း ကြော်ငြာပုံရိပ်လေးတွေလည်း ရိုက်ကူးနေတာပါ။ 

Photo Credit- Thinzar Wint Kyaw’s Facebook
Photo Credit- Thinzar Wint Kyaw’s Facebook
Photo Credit- Thinzar Wint Kyaw’s Facebook

သူမရဲ့ပွဲတက်ဖက်ရှင်များဟာလည်း တစ်ပွဲနဲ့တစ်ပွဲမထပ်ရအောင် ဝတ်ပြနိုင်သူပါ။ သူမရဲ့ပွဲတက်ဖက်ရှင်များဟာ လာရောက်သူပရိသတ်များရဲ့အာရုံတွေကို ဖမ်းစားထားနိုင်သူပါ။ ယခုမှာလည်း မန္တလေးမြို့က ဖွင့်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။

Photo Credit- Thinzar Wint Kyaw’s Facebook
Photo Credit- Thinzar Wint Kyaw’s Facebook
Photo Credit- Thinzar Wint Kyaw’s Facebook

ဒီပွဲလေးကိုတော့ ပြောက်လက်နေတဲ့ အမဲရောင်အကျီလေးကို ဝတ်ဆင်ကာ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာပါ။ သူမရဲ့ပွဲတက်ဖက်ရှင်ဗီဒီယိုလေးကိုလည်း သင်ဇာရဲ့Instagram stories မှာတင်ထားတာပါ။ပရိသတ်ကြီးအတွက် သင်ဇာရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- Thinzar Wint Kyaw’s Instagram Stories 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။