ပရိသတ်ကြီးရေ.. မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ ထိပ်တန်းကရပ်တည်နေတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်မင်းသမီးချောလေးပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်မှုတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားပြီး မာမည်ကျော် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးထားသူလေးပါနော်..။

Photo Credit - Wutt Hmone Shwe Yi's Facebook
Photo Credit - Li john Photography

ပရိသတ်အသည်းကျော် ရွှေကစ်လေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပရိသတ်တွေကြား လူပြောများရေပန်းစားနေတဲ့ ခီမောင်နှံတို့နဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ ရိုက်ကူးထားကြတဲ့ "ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကို သွားရောက်ကြည့်ရှုအားပေးပြီး ဇာတ်ကားနဲ့ပတ်သက်ပြီး မှတ်ချက်လေးပေးလိုက်ပါတယ်နော်..။

အစကတည်းက ကြည့်ဖို့ စီစဉ်ထားပေမယ့် သုသုလေးရဲ့ အမေ အန်တီနွယ်ရဲ့ဖိတ်ကြားတာနဲ့ တိုက်ဆိုင်ကာ အားတာနဲ့ သွားကြည့်ဖြစ်ပြီး တစ်ကားလုံးရိုမယ့်ကားလို့ ထင်ထားပေမယ့် တကယ်တမ်း ကြည့်လိုက်တဲ့အခါမှာ ရိုတဲ့ ဇာတ်ကားလို့ ကစ်အနေနဲ့ မခံစားရပဲ သူပေးချင်တဲ့ မက်ဆေ့ အခုအချိန်ထိ ပြန်လာတဲ့အချိန်ထိကို တွေးမိနေတုန်းပဲလို့ ကစ်လေးက ပြောပြထားပါတယ်နာ်..။

Photo Credit - Wutt Hmone Shwe Yi's Facebook
Photo Credit - Wutt Hmone Shwe Yi's Facebook

"ရိုပြီးတော့ လက်တွေ့မဆန်တဲ့ အချစ်မဟုတ်ဘူးပေါ့နော် ကစ်ခံစားရတာတော့ လက်တွေ့ဆန်တဲ့ အချစ် လက်တွေ့ဆန်တယ်ဆိုတာကလည်း ချစ်သူများနေ့မှ ပန်းစည်းလေးပေးမှ လက်ဆောင်လေးတွေပေးမှ အချစ်မဟုတ်ဘူးပေါ့... တကယ်တစ်ဘဝလုံး ဒုက္ခရောက်တဲ့အချိန်မှာရော အချစ်က ရှိနေမှာလား ဒါတကယ့်ကို အဓိပ္ပာယ် ရှိတယ်ပေါ့နော် သူပေးချင်တဲ့ မက်စေ့လေးက ဇာတ်သိမ်းပိုင်းလေးမှာပေါ့နော်.."

"အကုန်လုံးက သရုပ်ဆောင်တာရော ရိုက်တာရော ဇာတ်ညွှန်းရော အကုန်လုံးက တကယ့်ကို ပြောစရာကို မလိုတဲ့အကြောင်းလေးနဲ့ ဇာတ်ကားကြည့်တယ်ဆိုတာ သရုပ်ဆောင်တွေကို ကြည့်တာ မဟုတ်ပါဘူး အဲ့ထဲက ဇာတ်ကောင်တွေကို ကြည့်တာပေါ့နော်..ကစ်က ဇာတ်ကားကြည့်ပြီးတိုင်း ကစ်အနေနဲ့ ရုံအပြင်ထွက်လိုက်တာနဲ့ အဲ့ကားကို မေ့သွားတာ ကစ်မကြိုက်ဘူး ရုံအပြင်ထွက်လိုက်တာနဲ့ အဲ့ဇာတ်ကားကို ကစ်ပြန်ပြန်ပြီး တွေးနေရတယ် အဲ့ဇာတ်ကားထဲမှာ အမြဲတမ်း နောက်နေ့လည်း ရှိနေသေးတယ်ဆိုရင် ကစ်ကြိုက်တယ်.. " ဆိုပြီး ပြောပြထားတဲ့ ကစ်လေးရဲ့ ဗီဒီယိုဖိုင်လေးကို အားလုံးနဲ့အတူ ကြည့်ရင်း အားပေးလိုက်ရအောင်နော်..။

Photo Credit - Wutt Hmone Shwe Yi's Facebook
Photo Credit - Wutt Hmone Shwe Yi's Facebook

Photo Credit - Wutt Hmone Shwe Yi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။