ဒီတစ်ခါ တင်ဆက်ပေးမယ့် သတင်းလေးက စာဖတ်ပရိသတ်တွေအတွက် တစ်ကယ်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်...။ အသက် ၁ရာကျော် နေသွားသူက ပြောခဲ့တဲ့ ထူးဆန်းသော အသက်ရှည်နည်းလမ်းလေး မလို့ပဲဖြစ်ပါတယ်...။ လူတို့၏ သက်တမ်းသည် ပျမ်းမျှ ၇၅ နှစ် ဟု ဆိုကြသော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသက်တစ်ရာကျော် အဘိုး၊ အဘွားများကိုမြင်တွေ့နေကြရတာဖြစ်ပါတယ်...။ ယင်းအဘိုးအဘွားများ၏ သာမာန်လူတို့နှင့် မတူသော ထူးခြားသည့် အသက်ရှည် နည်းလမ်းများကို ကျင့်သုံးကြကြောင်း ပြောပြခဲ့ရာ "Jeanne Calment"အဖွားဖြစ်သူရဲ့ အံ့သြဖွယ်နည်းလမ်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။

Photo credit pngtree

အသက် ၁၂၂ နှစ် ရှိ ပြင်သစ်နိုင်ငံသူ "Jeanne Calment" အမျိုးသမီးကြီးက သူ၏အသက်ရှည်ရခြင်း အကြောင်းအချက်များကို ပြောကြားခဲ့ရာ ကြားရသူအပေါင်းက တအံ့တသြဖြစ်ကြရပါတယ်...။ ဆေးလိပ်သောက်ခြင်း၊ ဝိုင်အရက်သောက်ခြင်း နှင့် ချောကလက်စားခြင်းများသည် အသက်ရှည်စေသည်ဟု ဆိုပေရာ ဆေးလိပ်သောက်ခြင်းကြောင့် အသက်ရှည်သည် ဆိုသဖြင့် အံ့သြကြရပါတယ်...။ ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံးအမျိုးသမီးဟု အသိအမှတ်ပြုခံခဲ့ရသူ ဂျယ်နီ ကဲလ်မင့်သည် လူ့လောကတွင် အသက် ၁၂၂ နှစ် နှင့် ၁၆၄ ရက် နေထိုင်ခဲ့ရတာဖြစ်ပါတယ်...။ ကဲလ်မင့်သည် သက်ရှည်၊ကျန်းမာ၊ နုပျိုရကြောင်း နည်းလမ်းကောင်းများတွင် သံလွင် ဆီကို ဓာတ်စာ အဖြစ်သောက်သုံးခြင်းလည်းပါဝင်ကြောင်းပြောခဲ့ပါတယ်...။ ထို့အတူ သံလွင်ဆီဖြင့် သူမ၏အသားအရေကိုလည်းသုတ် လိမ်းလေ့ရှိခဲ့ပါတယ်...။ ဝိုင်အရက်ကိုလည်းသောက်လေ့ရှိကာ တစ်ပတ်လျှင် ချောကလက် တစ်ကီလိုဂရမ်စားလေ့ရှိပါတယ်...။ အသက် ၂၁ နှစ်အရွယ်(၁၈၉၆ ခုနှစ်)မှ ကွယ်လွန်ချိန် အသက် ၁၁၇ နှစ်(၁၉၉၂ ခုနှစ်) အထိစီးကရက်သောက်ခဲ့ပါတယ်...။

Photo credit pngtree

ကဲလ်မင့်သည် အိမ်ထောင်သည် တစ်ဦးဖြစ်ကာ ဘဝတစ်လျောက်လုံးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သူဖြစ်ပါတယ်...။ မည်သည့် ရောဂါ တစ်ခုတစ်လေမျှ မဖြစ်ခဲ့သည့်အပြင် အသက် ၈၅ နှစ် အထိ ဓားခုတ် အားကစားကို ကစားခဲ့ပါတယ်...။ အသက်တစ်ရာပြည့် မွေးနေ့အထိ စက်ဘီးကို ကိုယ်တိုင်နင်းခဲ့ပါတယ်...။ သို့သော် ကျန်းမာရေးအတွက် မည်သည့် အားကစားကိုမျှ တစ်စိုက်မတ်မတ် ပြုလုပ် ခဲ့ခြင်းမရှိဟုဆိုပါတယ်...။ ကဲလ်မင့်သည် အသက် ၁၁၀ ပြည့်သည်အထိ မိမိဘာသာ ရပ်တည်နေနိုင်ခဲ့သော်လည်း သူမ၏ အိမ်အနည်းငယ် မီးလောင်ခံခဲ့ရချိန်တွင် ကဲလ်မင့်အား ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာသို့ပို့ခဲ့ကြတာဖြစ်ပါတယ်...။ ပြင်သစ်နိုင်ငံတွင် အီဖဲလ် မျှော်စင်တည်ဆောက်မှုကို အစမှ အဆုံးတိုင်မြင်တွေ့ခဲ့သူမှာ ကဲလ်မင့်ဖြစ်ပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။