ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်တွေထဲမှာ ဂီတလောက ကနေ သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အကယ်ဒမီထွန်းထွန်းကလည်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာသိမ်းပိုက်ထားသူပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားမှုတွေ အပြည့်အဝရရှိထားသလို ချစ်စရာကောင်းတဲ့ ချစ်သူလေးနဲ့အတူ ကြည်နူးစရာ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ထားတာမို့ ပရိသတ်တွေ အားကျချစ်ခင်ကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Htin Aung Tun's Facebook
Photo By Myanmarload

ထွန်းထွန်းကတော့ ရုပ်ရှင်ဇာတ်ကားတွေများစွာကို ဆက်တိုက်ရိုက်ကူးထားပြီး နေတိုး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ ရိုက်ကူးထားတဲ့ "Box No.88" ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်နော်..။

"Box No.88" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားပွဲကြီးကို အခြားအနုပညာရှင်များနဲ့ တက်ရောက်ခဲ့ပြီး အေးဆေးတည်ငြိမ်တဲ့ ထွန်းထွန်းရဲ့ ပုံရိပ်လးတွေကို ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။

Photo By Myanmarload
Photo By Myanmarload

ယောကျၤားပီသပြီး ဆွဲဆောင်မှုရှိရှိ တည်ငြိမ်ခန့်ညားတဲ့ ပုံရိပ်လေးတွေနဲ့ ရိုးရှင်းစွာ အခမ်းအနားပွဲတက်ရောက်ရင်း အမှတ်တရဓာတ်ပုံလေးတွေလည်း ရိုက်ကူးထားပါသေးတယ်နော်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေ အားလုံးအတွက် ထွန်းထွန်းရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်တာမို့ သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။