ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကိုတော့ ပရိသတ်တွေက Mrtv4 ဇာတ်လမ်းတွဲတွေကနေစတင်ပြီး သတိထားမိလာကာအာပေးချစ်ခင်လာကြတာဖြစ်ပါတယ်။မေမြင့်မိုရ်က နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အများအပြားရိုက်ကူးလာရပြီး အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook

မေမြင့်မိုရ်ကတော့ မိုးပန်းပွင့်ရဲ့သင်္ကေတ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Rising Star Award ဆုကြီးကို ပထမဆုံးဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။မေမြင့်မိုရ်က အနုပညာနဲ့ပက်သက်ရင်အရမ်းကြိုးစားတဲ့သူဖြစ်လို့ ပရိသတ်တွေကလည်း သူမအတွက်ချီးကျူးစကားတွေပြောပြီးလက်ခံအားပေးကြတာပါနော်။လက်တလောမှာတော့ မေမြင့်မိုရ်က မြင့်မြတ် အိန္ဒြာကျော်ဇင် မခိုင်လေးတို့နဲ့အတူ "ရိုးမပေါ်ကျတဲ့မျက်ရည်"ရုပ်ရှင်ဇာတ်ကားကြီးကိုပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook

အခုဆိုရင်တော့ "ရိုးမပေါ်ကျတဲ့မျက်ရည်"အဖွဲ့သားတွေက Seafood Dinner အတူတူစားကြပြီး မေမြင့်မိုရ်ကတော့ မြင့်မြတ်ရဲ့တစ်ဦးတည်းသောသားလေးကို မြတ်သူကို ချီပိုးပြီးအရမ်းချစ်နေတာဖြစ်ပါတယ်။မြင့်မြတ်ရဲ့သားလေးကလည်း ချစ်မွှေးပါတဲ့ကလေးလေးဖြစ်တာကြောင့် မေမြင့်မိုရ်က လက်ကမချနိုင်ရလောက်အောင် ချီထားပြီး ဓာတ်ပုံအတူတူတွဲရိုက်ထားတဲ့ပုံလေးကိုချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook
Photo Credit:May Myint Mo's Facebook

Photo Credit:May Myint Mo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။