ဆယ်စုနှစ်ကျော်တိုင်အောင် ဗီဒီယိုဇာတ်ကားတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးများတွင် ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ကူးနေရသူကတော့ သရုပ်ဆောင် မင်းသာ မြင့်မြတ်ပါ။ မြင့်မြတ်ဟာ သူရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကို ပီပြင်စွာသရုပ်ဆောင်မှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ မြင့်မြတ်ဟာချစ်ရတဲ့ ဇနီး၊သားလေးနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်တာပါ။ 

Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook

လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ချိုးရုပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသလျက်ရှိနေတာပါ။ ပရိသတ်တွေကလည်း ဒီဇာတ်ကားကြီးထဲက သူ့ရဲ့သရုပ်ဆောင်မှုတွေကို သဘောကျနှစ်ခြိုက်နေကြတာပါ။ မကြာခင်မှာလည်း ထိပ်တန်းသရုပ်ဆောင်တွေများစွာပါဝင်သရုပ်ဆောင်ထားတဲ့ " ရိုးမပေါ် ကျတဲ့ မျက်ရည် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားကြီးဟာ ရုံမတင်ခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတာပါ။  

Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook

အခုတစ်ခါမှာလည်း ဒီဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာ ကိုပေါက်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ဒီဇာတ်ကားရိုက်ကူးနေရင်းနဲ့ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မြင့်မြတ်၊ ခင်လှိုင်၊ ဆင်မ၊ ညောင်ညောင် တို့အနုပညာညီအစ်ကိုတွေ အဆိုတော် ဟဲလေးရဲ့ မှည့် ဆိုတဲ့ သီချင်းလေးဖွင့်ကာ ပျော်ပျော်ပါးပါးကခုန်နေကြတဲ့ ဗီဒီယိုလေးကိုရိုက်ကူးထားတဲ့ ဗီဒီယိုလေးပါ။ ကိုပေါက်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ရိုးမပေါ်ကျတဲ့မျက်ရည် ရိုက်ခဲ့တဲ့တစ်ည။

တစ်ရက်သား

Night scene ရိုက်လို့ပြီးတာ ည ၁၁ ခွဲလောက်ရှိမယ်။

လက်ပံရွာကနေ ဇောင်းတူကို မမြင်မကန်း

နဲ့မှောင်မှောင်မဲမဲ ဆိုင်ကယ်ကိုယ်စီနဲ့ပြန်လာကြရင်း(တစ်ချို့က ခြေလျှင်)တည်းတဲ ရွာပြန်ရောက်တော့ ကိုဆင်မက ကြက်ကာလသားဟင်းလေးချက်နေတယ်။

ကျွန်တော်တို့ပြန်လာလို့ဗိုက်ဆာရင် စားလို့ရအောင်တဲ့။

ညလည်စာပေါ့။

ဟင်း အကျက်ကိုစောင့်ရင်း

မရှိရှိတာလေးနဲ့တောထဲမှာပျော်ပျော်ပါးပါး။

မှတ်ချက်။

မူးပြီး က နေတာ မဟုတ်ပါ။

ရိုက်ကွင်းကအပြန် စည်းစည်းလုံးလုံးပျော်အောင်နေကြခြင်းသာဖြစ်ပါသည်။

ချစ်တဲ့ပရိသတ်ကြီးကို

အမြဲလေးစားလျက်

ကိုပေါက် " ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Aung Min Naing's Facebook

Photo Credit - Myat Wai Tun's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။