မင်းသမီးချော စိုးမြတ်နန္ဒာကတော့ အနုပညာလောကမှာ မသိသူမရှိလောက်အောင် နာမည်ရအောင်မြင်နေပြီးသားဖြစ်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ စိုးမြတ်နန္ဒာရဲ့အနုပညာသက်တမ်းက နှစ်အတော်ကြာရှိနေပြီ ဖြစ်ပါတယ်။ စိုးမြတ်နန္ဒာက နှစ်တွေဘယ်လိုပြောင်းလဲသွားပေမယ့် သူမရဲ့အလှတရားတွေကတော့ ယနေ့အချိန်အထိ မပြောင်းမလဲဘဲနုပျိုနေဆဲ ဖြစ်ပါတယ်။

Photo Credit-မငျးသမီး ပိုးထညျတိုကျ
Photo Credit-SOE MYAT NANDAR's IG

လက်ရှိမှာတော့ စိုးမြတ်နန္ဒာက စိုးညီအစ်မတွေနဲ့အတူ " မင်းသမီး ပိုးထည်တိုက် " ဆိုင်လေးမှာ ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ စိုးမြတ်နန္ဒာက ပွဲအခမ်းအနားလေးတွေကိုသာ တက်ရောက်နေတာ ဖြစ်ပါတယ်။ အခုလည်း စိုးမြတ်နန္ဒာက အသက်ကြီးလေပိုလှလေလို့ ဆိုရလောက်အောင် တည်ငြိမ်အေးချမ်းတဲ့ အလှတရားတွေနဲ့ မြန်မာဆန်ဆန် ကျက်သရေရှိရှိ လှနေပြန်ပါတယ်။

Photo Credit-Soe Kyi Phyu's FB
Photo Credit-Soe Kyi Phyu's FB

အဖြူရောင်မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုလိုက်ဖက်တင့်တယ်နေတဲ့ စိုးမြတ်နန္ဒာရဲ့အလှအပတွေကတော့ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်လောက်အောင်ပါပဲနော်။ စိုးမြတ်နန္ဒာနဲ့ စိုးမြတ်သူဇာတို့ ညီအစ်မတွေက ဖြူစင်ရိုးရှင်းပြီး အေးချမ်းကြည်လင်နေတဲ့ မျက်နှာလေးတွေကို ပိုင်ဆိုင်ထားကြတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော စိုးမြတ်နန္ဒာရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Soe Kyi Phyu's FB & SOE MYAT NANDAR's FB 

Photo Credit-Soe Kyi Phyu's FB
Photo Credit-SOE MYAT NANDAR's FB
Photo Credit-မငျးသမီး ပိုးထညျတိုကျ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။