ကျွန်ုပ်တို့ နေထိုင်နေသာ ကမ္ဘာပေါ်တွင် ကုလသမဂ္ဂက အသိအမှတ်ပြုထားသည့် အချုပ်အခြာအာဏာ ပိုင်ဆိုင်သော နိုင်ငံသည် ၁၉၃နိုင်ငံသာရှိပါတယ်...။ ကမ္ဘာပေါ်တွင် ကြီးမားကျယ်ပြန့်သော နိုင်ငံ၊ သာမာန်အကျယ်အဝန်းမျှရှိသော နိုင်ငံတို့သာ ရှိသည်ဟု လူသားတိုင်း ထင်မှတ်ကြမှာဖြစ်ပါတယ်...။ သို့သော် ထို၁၉၃နိုင်ငံထဲတွင် အသေးဆုံး ၁၀နိုင်ငံပါဝင်နေပြီး၊ မည်သည့်နိုင်ငံများဖြစ်တယ်ဆိုတာ အချို့သော စာပေဖတ်ရှုထားသူများသာ သိရှိကြမှာဖြစ်ပါတယ်...။ Myanmarload ပရိသတ်တွေအတွက် ကမ္ဘာ့အသေးဆုံးနိုင်ငံများထဲတွင် ပါဝင်နေတဲ့ "Vatican City" (ဗာတီကန် စီးတီး) အကြောင်းကို စိတ်ဝင်စားမှုရှိအောင် ပုံရိပ်တွေနဲ့တကွ တင်ဆက်ပေးသွားမှာပါ...။

Photo credit pngtree

ထိုကမ္ဘာ့အသေးဆုံး ၁၀နိုင်ငံက ဘယ်လောက်တောင် နယ်မြေကျဉ်းမြောင်းလဲဆိုတော့ မက္ကဆီကို မြို့တော်သာသာပင်ရှိပါတယ်...။ တစ်ကယ်တန်း အတိအကျတိုင်းတာကြည့်မယ်ဆိုရင် မက္ကဆီကိုမြို့တော်ထက်ပင် သေးငယ်နေပါတယ်...။ ယင်း ၁၀နိုင်ငံ၏ စုစုပေါင်းအကျယ်အဝန်းသည် ၁၄၉၉ စတုရန်းကီလိုမီတာသာရှိပါတယ်...။ အချို့သောနိုင်ငံများမှာမူ ကိုယ်ပိုင်လုံခြုံရေး တပ်မတော်များ ဖွဲ့စည်းထားနိုင်ခြင်း မရှိပေ...။ "ဗာတီကန် စီးတီး" နိုင်ငံလေးက အသေးဆုံး နိုင်ငံများတွင် ပါဝင်နေသော်လည်း အေးချမ်းသာယာပြီး ခရစ်ယာန်ဘာသာ ထွန်းကားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်...။

Photo credit pngtree

ရောမမြို့လယ်ရှိ ပုပ်ရဟန်းမင်းကြီး ကျောင်းထိုင်သည့် ဗာတီကန်သည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခု မဟုတ်သော် လည်း နိုင်ငံတကာက အချုပ်အခြာ အာဏာပိုင်ဆိုင်သော လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုထားပါတယ်...။ ဗာတီကန် သည် သုည ဒသမ ၄၄ စတုရန်းကီလိုမီတာသာ ကျယ်ဝန်းပြီး လူဦးရေ ရှစ်ရာမှ ကိုးရာအကြား နေထိုင်ပါတယ်...။ ယင်းတို့အနက် ၅၇၂ ဦးသည် ဗာတီကန်နိုင်ငံသားများဖြစ်ကြပြီး ကျန်သူများသည် ရွှေ့ပြောင်းနေထိုင်ကြသူများသာဖြစ်ပါတယ်...။ သေးငယ်သော ဗာတီကန်၏ စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ဘောလုံးကွင်းတစ်ကွင်း အရွယ်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တစ်ခုရှိပါတယ်...။ ဗာတီကန် စီတီးတွင် လမ်းပေါင်း ၅၅ လမ်း၊ဘူတာရုံ တစ်ခု၊ ရဟတ်ယာဉ်ကွင်းတစ်ခုရှိပါတယ်...။ သေးငယ်သော ဗာတီကန် သာသနာမြေနိုင်ငံငယ်တွင် ဗာတီကန် လက်ရွေးစင် ဘောလုံးအသင်းတစ်သင်းပင်ရှိနေပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။