ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ကျရာဇာတ်ရုပ်တွေမှာ ကျွမ်းကျင်မှုတွေနဲ့ ပရိသတ်အခိုင်အမာရရှိထားသူကတော့ ဝါရင့်သရုပ်ဆောင် မေသဉ္ဇာဦးပဲ ဖြစ်ပါတယ်နော်..။

မေသဉ္ဇာဦးကတော့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ ရင်ထဲနေရာအပြည့်ယူထားသလို ဇာတ်ကားကောင်းတွေ များစွာရိုက်ကူးထားပြီး သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေကလည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေပါတယ်နော်..။


Photo By Myanmarload
Photo Credit - May Thin Zar Oo's Facebook

ပရိသတ်တွေရဲ့အချစ်တော် ဝါရင့်သရုပ်ဆောင် မေသဉ္ဇာဦးကတော့ အနုပညာလောကမှာ ဇာတ်ကားတွေများစွာ အတူရိုက်ကူးလာတဲ့ လူကြမ်းသရုပ်ဆောင်အနုပညာရှင်တွေ အလုပ်လက်မဲ့ဖြစ်သွားလို့ စိတ်မကောင်းဖြစ်နေပါတယ်နော်..။

ဗီဒီယိုခေတ်ပျောက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့်အလွန်နည်းပါးပြီး အလုပ်လက်မဲ့ဖြစ်သွားရတဲ့ လူကြမ်းအနုပညာရှင်တွေအတွက် စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

သူမတို့ကတော့ ပါဝင်စီးမျောခွင့်ရသေးပေမယ့် ကျန်တဲ့ လူကြမ်းတွေ အများကြီးပါဝင်ခွင့်မရတော့ အလုပ်တွေအရမ်းဝေးပြီး အလုပ်လက်မဲ့ဖြစ်ရလို့ စိတ်မကောင်းဖြစ်နေသလို ဇာတ်လမ်းမျိုးစုံမှာ သူတို့ကိုလည်း ပါလာစေချင်တယ်လို့ ဆိုပါတယ်နော်..။

ဇာတ်ကားတွေ မရိုက်ရတော့ပေမယ့် ကိုယ့်ဘဝရပ်တည်မှုအတွက် အခြားအသက်မွေးဝမ်းကြောင်း တစ်ခုခုကို လုပ်ရမှာမို့ ကိုယ့်ကိုကိုယ် လုပ်နိုင်ကြတယ်ဆိုတာလေးကို ဖြစ်စေချင်ပြီး အရမ်းကြီး အဆင်မပြေကြတဲ့ သူတွေအတွက်လည်း စိတ်မကောင်ဖြစ်တဲ့အကြောင်းလေးကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit - May Thin Zar Oo's Facebook

Photo By Myanmarload

Photo Credit - May Thin Zar Oo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။