ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချောမေကဗျာကတော့ပရိသတ်တွေရဲ့ ရင်ထဲက ဝါရင့်အနုပညာရှင် မင်းသမီးချောတစ်ဦးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းမှုတွေနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေသူဆိုလည်း မမှားပါဘူး..။


Photo Credit – May Kabar’s Facebook
Photo Credit – Alinn Yaung Photography

မေကဗျာကတော့ သမီးလေးနဲ့ အကြောင်းကိုလည်း ပြောပြလာပြီး သမီးလေးက ငြိမ်ပေမယ့် ကိုယ့်ကိုကိုယ် လူကြီးဖြစ်တယ်လို့ ခံစားလို့ မရသေးဘူးဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောပြထားပါတယ်နော်..။

သမီးလေးကတော့ မင်းသမီးလုပ်ဖို့ အခုချိန်ထိ ဝါသနာမပါသေးပေမယ့် Blogger လုပ်ဖို့တော့ ဝါသနာပါပြီး ကိုယ်ဖြစ်ချင် လုပ်ချင်တာကိုပဲ မခိုင်းပဲ သမီးလေး လုပ်ချင်တဲ့ ဝါသနာပါတဲ့အလုပ်တွေကို ဖြစ်သင့်တဲ့အရွယ်မှာ ပံ့ပိုးပေးမှာပါလို့လည်း ဆိုပါတယ်နော်..။


Photo Credit – Alinn Yaung Photography
Photo Credit – Alinn Yaung Photography

အိမ်မှာဆို ကိုယ်က တစ်စက်မှ မငြိမ်ပေမယ့် သမီးလေးက လူကြီးဆန်ပြီး အိမ်မှာနေရင် ကိုယ်က သမီးထက်တောင်ငယ်သေးတယ် ဆိုပြီးတော့လည်း သမီးလေးနဲ့ သူမရဲ့အကြောင်းလေးတွေကို ပြောပြထားတာပဲ ဖြစ်ပါတယ်..။

သမီးလေးရဲ့ ပုံတွေနဲ့ အကြောင်းတွေကို မတင်ဖို့ မေတ္တာရပ်ခံထားတဲ့ အကြောင်းလေးနဲ့ ပတ်သက်ပြီးတော့ ပြောပြထားတဲ့ မေကဗျာရဲ့ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွ့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – May Kabar’s Facebook
Photo Credit – May Kabar’s Facebook

Photo Credit – May Kabar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။