ချိုသာတဲ့ အပြုံးလေးအောက်မှာ ပုရိသတွေသာမက မိန်းကလေး ပရိသတ်များပါ ကျဆုံးနေရလောက်အောင် ဆွဲဆောင်နိုင်သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပါ။ သူမရဲ့ အမူအရာလေးတွေဟာလည်း အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းလွန်းနေတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုများစွာနဲ့အတူ ပွဲအခမ်းအနားတွေလည်း ရိုက်ကူးနေတာပါ။  

Photo credit - Wutt Hmone Shwe Yi's Facebook
Photo credit - Wutt Hmone Shwe Yi's Facebook
Photo credit - Wutt Hmone Shwe Yi's Facebook

သူမဟာ မိသားစုကိုလည်း ချစ်ခင်သူတစ်ယောက်ပါ။ အားလပ်ရက်များတွင်လည်း မိသားစုနဲ့အတူ အချိန်ကုန်ဆုံးလေ့ရှိတာပါ။ အခုတစ်ခေါက်မှာတော့ ချစ်ရတဲ့ တူလေးနဲ့အတူ ဗီဒီယိုလေးတစ်ခုတင်လိုက်ပြန်ပါပြီ။ တူလေးကလည်း ရွှေကစ်ကို မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်တာပါ။  

Photo credit - Wutt Hmone Shwe Yi's Facebook
Photo credit - Wutt Hmone Shwe Yi's Facebook
Photo credit - Wutt Hmone Shwe Yi's Facebook

ရွှေကစ်လေးဟာ တူလေးကို ပေါင်ပေါ်ထိုင်ခိုင်းကာ မျက်နှာပြောင်လေးတွေ လုပ်နေကြတဲ့ ဗီဒီယိုလေးကို ရွှေကစ်ရဲ့ Instagram Stories မှာတင်ထားတာပါ။ သူမဟာ တူလေးနဲ့အတူဆော့ကစားနေရတဲ့အတွက် ပျော်ရွှင်နေတာပါ။ ပရိသတ်ကြီးအတွက် ရွှေကစ်နဲ့သူမရဲ့ တူလေးတို့ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Wutt Hmone Shwe Yi's Instagram Stories

Photo credit - Wutt Hmone Shwe Yi's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။