ချီချီလို့အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ နေခြည်ဦးကတော့ Beauty Blogger အဖြစ်ကနေ သရုပ်ဆောင်အဖြစ်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ Social Media ထက်မှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ နေခြည်ဦးက သူမရဲ့အမာခံအားပေးနေတဲ့ Chillies တွေ အမြောက်အများကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင် နေခြည်ဦးက ရုပ်ရှင်မင်းသမီးအဖြစ် ဇာတ်ကားတွေရိုက်ကူးနေရပါတယ်။

Photo Credit-Nay Chi Oo's FB
Photo Credit-Nay Chi Oo's FB
Photo Credit-Nay Chi Oo's FB

လက်ရှိမှာတော့ နေခြည်ဦးက မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အုပ်စိုးခန့်တို့နဲ့အတူ " အိပ်မက်တွေမိုးထားတဲ့အိမ် " ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက ရှုတင်မှာအားလပ်ချိန်ရတုန်းလေး Tik Tok ဆော့ကစားခဲ့ပါတယ်။ နေခြည်ဦးက Marshmello နဲ့ Anne-Marie တို့ရဲ့" FRIENDS " သီချင်းလေးနဲ့ သရုပ်ဆောင်ပြပြီး Tik Tok ဗီဒီယိုလေးကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Nay Chi Oo's FB
Photo Credit-Nay Chi Oo's FB

နေခြည်ဦးက အချိန်ခဏလေးအတွင်းမှာတင် မတူညီတဲ့အိုက်တင်မျိုးစုံကို အပီအပြင် သရုပ်ဆောင်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီ Tik Tok ဗီဒီယိုဖိုင်လေးမှာတော့ ဟန်ပန်အမူအရာမျိုးစုံလုပ်ပြထားတဲ့ နေခြည်ဦးရဲ့ပုံစံလေးကလည်း အရမ်းချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့ အသစ်စက်စက် Tik Tok ဗီဒီယိုဖိုင်လေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Nay Chi Oo's FB & Tik Tok  

Photo Credit-Nay Chi Oo's FB
Photo Credit-Nay Chi Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။