တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ဖြူဖြူထွေးကတော့ အနုပညာလောကမှာ ရိုးသားကြိုးစားပြီးအောင်မြင်မှုတွေကို ရရှိလာတဲ့ အနုပညာဝါသနာအိုးလေးဖြစ်ပါတယ်။ဖြူဖြူထွေးက စိတ်သဘောထားလည်းအရမ်းဖြူစင်ပြီး မိဘအပေါ်လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်နော်။ဖြူဖြူထွေးက အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ နောက်ပိုင်းမှာပိုပိုပြီးအားပေးလာကြတာဖြစ်ပါတယ်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

အခုနောက်ပိုင်းမှာဆိုရင် ဖြူဖြူထွေးက အနုပညာအလုပ်တွေအများအပြားလုပ်လာရပြီး စင်ကာပူထိသွားရောက်ကာ အနုပညာအလုပ်တွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ကြော်ငြာတွေလည်းရိုက်ကူးနေရကာ ပွဲအခမ်းအနားတွေကိုလည်း လှလှပပလေးတက်ရောက်နေတာကို တွေ့မြင်ရပါတယ်။အနုပညာလောကထဲကိုဝင်ရောက်လာတာ နှစ်တွေအများကြီးမကြာမြင့်သေးပေမယ့် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုရရှိနေတာပါနော်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

ဖြူဖြူထွေးက အခုဆိုရင် နောက်တစ်ဆင့်တက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဖြူဖြူထွေးက အကယ်ဒမီဖွေးဖွေး လွှမ်းပိုင် ရဲရင့်အောင် နဲ့တစ်ခြားအနုပညာရှင်များစွာနဲ့အတူ "ရောသမမွှေ"ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးတော့မှာဖြစ်လို့ ကန်တော့ပွဲနှင့် စာနယ်ဇင်းမိတ်ဆက်ပွဲကိုတက်ရောက်လာတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook/ALinn Yaung

Photo Credit:Phyu Phyu Htwe's Facebook

Video Credit:Phyu Phyu Htwe's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။