အမိုက်စားတက်တူးတွေကို ခန္ဓာကိုယ်ထက်မှာ ဆေးခြယ်ထားပြီး ယောက်ျားပီသတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူကတော့ မင်းသားချော မြင့်မြတ်ပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်မရွေး သဘာဝကျအောင်သရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်က အငို၊အရယ်စတဲ့ဇာတ်ကောင်စရိုက်မျိုးစုံကို ကျွမ်းကျင်စွာဖန်တီးနိုင်သူ ဖြစ်ပါတယ်။ မြင့်မြတ်က သရုပ်ဆောင်ပိုင်းမှာကောင်းမွန်ရုံတင်မကဘဲ ပေါင်းသင်းဆက်ဆံရေးမှာလည်း ဖော်ရွေတာကြောင့် ချစ်ခင်သူတွေများပြားနေတာ ဖြစ်ပါတယ်။

Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB

မြင့်မြတ်မှာတော့ အရမ်းကိုချစ်စရာကောင်းလွန်းတဲ့ ဂျူနီယာမြင့်မြတ်ဆိုတဲ့သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုပြီးအသည်းယားစရာကောင်းလာတဲ့ သားလေးကိုကြည့်ပြီး ဖေဖေမြင့်မြတ်တစ်ယောက် အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။ အခုလည်း မြင့်မြတ်က သားလေးကိုလက်ကမချနိုင်လောက်အောင်ဖက်ထားပြီး အနမ်းလေးတွေပေးကာ ချစ်မဝဖြစ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB

ဖေဖေမြင့်မြတ်က သားလေးကိုနွေးထွေးယုယစွာပွေ့ထားရင်း ချစ်နေသလို သားလေးဂျူနီယာမြင့်မြတ်ကလည်း ဖေဖေ့ရဲ့ရင်ခွင်ထဲမှာခေါင်းလေးမှီရင်း ချွဲနေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မြင့်မြတ်တို့သားအဖရဲ့ဗီဒီယိုလေးကိုကြည့်ရင်း ပရိသတ်တွေတောင် ကြည်နူးနေရမှာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်တို့သားအဖရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Myat Wai Tun's FB

Video Credit- May Myint Mo's FB  

Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။