ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ တရုတ်နိုင်ငံမြို့တော် ဘေဂျင်းသည် မီးခိုမြူများ ထူထပ်ခဲ့တဲ့ အတွက်ကြောင့် လေထုညစ်ညမ်းမှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်....။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် "W.H.O"က လေထုအတွင်း မျောပါနေသော အရာများကို တိုင်းတာကြည့်တဲ့အခါမှာ ၁၀ မိုက်ခရို မီတာ အောက်သေးငယ်သော အမှုန်များ ( PM 10 ) ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်...။ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် မီးခိုးမြူများ အထူထပ်ဆုံးဒေသများသည် အရှေ့ အလယ် ပိုင်းနှင့် အာရှဒေသများ ဖြစ်ကြပြီး တရုတ်နိုင်ငံဘေဂျင်းမြို့လည်း ပါဝင်ခဲ့ပါတယ်...။

တရုတ်နိုင်ငံ မြို့တော် (Beijing) ဘေဂျင်းသည် လွန်ခဲ့သော ဆောင်းရာသီက လေကြောင်းအန္တရာယ်ဖြစ်စေသည့် မီးခိုးမြူများ ကြောင့် နာမည်ပျက်ခဲ့ရပါတယ်...။ ဘေဂျင်းသည် ဆောဒီ အာရေဗျမှ ဒမ္မန် မြို့နှင့် အဆင့်တူညီလျက် ( PM 10 ) အဆင့် (၁၂၁) တွင်ရှိနေပါတယ်...။ တရုတ်နိုင်ငံတွင် လေထု အညစ်ညမ်းဆုံးမြို့မှာ ( PM 10 ) အဆင့် (၁၅၇) ရှိသည့် လန်ချူ မြို့ဖြစ်ပါတယ်...။ ဖွံ့ဖြိုး တိုး တက်မှု မြင့်မားနေသဖြင့် ကမ္ဘာပေါ် တွင် လေထု အညစ်ညမ်းဆုံး (၂၅) ခုမြောက်မြို့ဖြစ်ပါတယ်...။

လန်ချူမြို့တွင် ၁၉၄၉ ခုနှစ် ကတည်းက စတင်လည်ပတ်နေခဲ့သည့် ချည်မျှင် နှင့် အထည်စက်ရုံများ၊ရာဘာနှင့် ဓာတ်မြေသြဇာ စက်ရုံများ၊ ရေနံ ချက် စက်ရုံ များရှိနေပါတယ်...။ တရုတ်နိုင်ငံ ရှန်စင်ပြည်နယ် ဗဟိုမြောက်ပိုင်းရှိ လင်ဖန်မြို့သည်လည်း တရုတ် နိုင်ငံ၏ ကျောက်မီး သွေး စက်မှုလုပ်ငန်း ဗဟိုချက်မ ဖြစ်နေသည့်အပြင် လင်ဖန် တောင်တန်းတစ်လျောက်တွင် တရားဝင်ရော ၊ တရားမဝင်ပါလုပ် ကိုင် နေကြသော သတ္ထုတွင်းလုပ်ငန်းများကြောင့် မီးသွေးမှုန်များက အမြဲပျံ့လွင့်နေပါတယ်...။ ဒေသခံတို့သည်လည်းအသက် ရှုကျပ်ရောဂါ၊ အဆုပ်ရောင်ရောဂါနှင့် အဆုပ်ကင်ဆာရောဂါများကို ခံစားခဲ့ကြရတာဖြစ်ပါတယ်....။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။