ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဖွေးဖွေးကတော့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ချစ်စဖွယ်ဟန်ပန်လေေးတွကြောင့် ယောင်္ကျားလေး မိန်းကလေး ပရိသတ်မရွေး အားလုံးက ချစ်ခင်ကြသူလေးပဲ ဖြစ်ပါတယ်..။

ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ကျော့ရှင်းတဲ့အလှတွေနဲ့ ကလေးလေးတစ်ယောက်လို အပြစ်ကင်းပြီး ချစ်စရာကောင်းလွန်းနေတာလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဖွေးစိန်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အသည်းကျော်လေး ဖွေးဖွေးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး မကြာခင်မှာလည်း “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးကို ထပ်မံရိုက်ကူးတော့မှာ ဖြစ်ပါတယ်နော်..။

ရောသမမွှေရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေး အခမ်းအနားလေးကိုလည်း ဒီကနေ့မှာပဲ ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့ပြီး အနက်ရောင်ဖက်ရှင်လေးနဲ့ အပြုံးချိုချိုလေး ပြုံးကာ ဆွဲဆောင်မှုရှိရှိ ချစ်စဖွယ်လေး တက်ရောက်ခဲ့ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo Credit - သားစိုး ဖေ့စ်ဘွတ်
Photo By Myanmarload

ဖွေးစိန်လေးကတော့ ကန်တော့ပွဲပေး အခမ်းအနားလေးကို တက်ရောက်ရင်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့သလို ဇာတ်ကားထဲမှာ မောင်းမယ့် ပန်းဆီရောင် ကားဆန်းဆန်းလေးနဲ့ ပဲပေးဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ လူကြီးတစ်ယောက်လို ရင့်ကျက်ပြီး ကျော့ရှင်းအလှတွေနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ဖွေးစိန်လေးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။