ပုရိသတွေရဲ့အချစ်တော်တစ်ဦးဖြစ်တဲ့ မအေးသောင်းကတော့ တစ်ခေတ်တစ်ခါကတည်းက ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ တစ်ချိန်က အေးဝတ်ရည်သောင်းဆိုတဲ့နာမည်လေးနဲ့ ကျော်ကြားအောင်မြင်ခဲ့တဲ့ သူမက အခုချိန်မှာတော့ မအေးသောင်းအဖြစ် တစ်ကျော့ပြန်ရေပန်းစားနေတာ ဖြစ်ပါတယ်။ မအေးသောင်းက တင်းရင်းကျစ်လျစ်တဲ့ ကိုယ်လုံးလှလှလေးကို ပိုင်ဆိုင်ထားသူမို့ ဘာဝတ်ဝတ်ပေါ်လွင်လှပနေတာလည်း ဖြစ်ပါတယ်။

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

မအေးသောင်းက အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးလို့မထင်ရလောက်အောင် အရွယ်တင်နုပျိုလွန်းသူလေးလည်း ဖြစ်ပါတယ်။ အမြဲတမ်းပျော်ရွှင်နေတတ်တဲ့ မအေးသောင်းက ခရီးသွားခြင်းကိုနှစ်သက်သူပီပီ မကြာခဏဆိုသလို ခရီးတွေထွက်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းတစ်ယောက် လတ်တလောမှာနာမည်ကြီးနေတဲ့ နောင်ချိုမြို့က တိမ်ပင်လယ်တွေရှိတဲ့နေရာလေးကို အလည်သွားခဲ့ပါတယ်။

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

ဖြူဖွေးစွတ်နေတဲ့ တိမ်ပင်လယ်ကြီးနဲ့အတူ သဘာဝရဲ့အလှတရားတွေကိုခံစားပြီး ရိုက်ကူးထားတဲ့ မအေးသောင်းရဲ့ပုံလေးတွေကလည်း တကယ့်ကိုလှပလွန်းလှပါတယ်။ မအေးသောင်းက တိမ်ပင်လယ်ကိုမြင်နေရတဲ့နေရာလေးမှာ အသည်းယားစရာကောင်းတဲ့ ဒန်းလေးစီးရင်း ကလေးလေးလို ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မအေးသောင်းရဲ့ခရီးသွားပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Aye Thaung's FB 

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။