photo credit - TNC Predator twitter

ပြီးခဲ့တဲ့ အောက်တိုဘာလ ရက်နေ့ကနေ စတင်ပြီး ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှာ WESG Sea 2019 Regional Final ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကြီးမှာတော့ Sea 10 နိုင်ငံက အကောင်းဆုံး dota 2 အသင်းဆယ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဆိုရင်တော့ Team Cyanide နဲ့ Phillipines နိုင်ငံကိုယ်စားပြုအနေနဲ့ ဆိုရင်တော့ TNC Predator အသင်းတို့ကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

TNC Predator အသင်းအနေနဲ့ကတော့ လက်ရှိ World Rank 2 နေရာမှာရှိနေတဲ့ အသင်းပီပီ Group stage မှာထဲက အကောင်းဆုံးမွန်ဆုံး ပုံစံတွေကိုပြသနိုင်ခဲ့ပြီး Semi final ကိုတက်ရောက်ခဲ့ပါတယ်။

Semi Final အရောက်မှာတော့ TNC Predator အသင်းမှာ ကျနော်တို့မြန်မာနိုင်ငံကိုယ်စားပြု Team Cyanide နဲ့ယှဉ်ပြိုင်ကစားခဲ့ရပြီး 2း0 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိကာ Grand Final ကိုတက်ရောက်ခဲ့ပါတယ်။

Grand Final ကိုရောက်ရှိတဲ့အချိန်မှာလည်း 496 အသင်းကိုထပ်မံအနိုင်ရရှိပြီး WESG Sea 2019 Regional ပြိုင်ပွဲကြီးရဲ့ Champion ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် TNC အသင်းဟာ နောက်လထဲမှာကျင်းပမယ့် WESG 2019 Wrold Championship ကိုဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မနှစ်ကလိုမျိုး Champion ဆုကိုထပ်မံသိမ်းပိုက်နိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။