ပရိသတ်ကြီးရေ...ဒီတစ်ပါတ်မှာတော့ နာဇီတို့ရဲ့ စမ်းသပ်ချက်တွေထဲကမှ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြစ်တဲ့ "Freezing" (အေးခဲစေခြင်း) အကြောင်းကို ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားမှုရရှိစေရန် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့ရှိ နိုင်ငံအသီးသီးက ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီအမြဲ update ဖြစ်အောင် တင်ဆက်ပေးနေတာမလို့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်...။

phtoo credit pngtree

ဟစ်တလာ ဦးဆောင်တဲ့ နာဇီတပ်ကို စာဖတ်ပရိသတ်ကြီး သိရှိကြမှာဖြစ်ပါတယ်...။ ဟစ်တလာ ဦးဆောင်တဲ့ နာဇီတွေရဲ့ တိုက်ခိုက်မှုတွေ၊ နှိပ်စက်မှုတွေက ဘယ်လောက်ပင် ရက်စက်ကြမ်းကြုတ်ကြောင်း သမိုင်းတွေကဖော်ပြခဲ့ပါတယ်...။ ဟစ်တလာရဲ့ ဖြစ်ရပ်မှန်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကိုကြည့်မယ်ဆိုရင် အသေးစိပ်သိရှိရမှာဖြစ်ပါတယ်...။ ဟစ်တလာ ဦးဆောင်တဲ့ နာဇီတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်မှုမှာ သမိုင်းတွင်ခဲ့ပေမယ့် သူ့နိုင်ငံသူ၊ နိုင်ငံသားတွေ အတွက်ကတော့ သူရဲကောင်းတပ်ဖွဲ့အဖြစ် ရာဇဝင်တွင်နေစမြဲပင်ဖြစ်ပါတယ်...။

phtoo credit pngtree

ဤကဲ့သို့ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းက စစ်ဘက်ဆိုင်ရာ သိပ္ပံဌာနတွေမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ကာကွယ်ထိန်းသိမ်းအုပ်ချုပ်နိုင်ရန်အတွက် အထိရောက်ဆုံးနှင့် အရက်စက်ဆုံး လက်နက်တွေ တီထွင်ခဲ့ကြတာဟာ အပြစ်တစ်ခုတော့ မဟုတ်ပါဘူး..။ သာဓကပြရမယ်ဆိုရင် ဂရိစစ်သားများသည် မြွေကိုတောင် စစ်လက်နက်အဖြစ် အသုံးပြုခဲ့ကြပါတယ်...။ ဂျာမဏီနိုင်ငံမှာတော့ ဟစ်တလာဦးဆောင်တဲ့ နာဇီတပ်ဖွဲ့က အကျဉ်းသားတွေနှင့် "Human experiment" လူသားအစားထိုး စမ်းသပ်ပြုလုပ်မှုတွေကြောင့် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်...။ လူသားအစားထိုးစမ်းသပ်မှုတွေထဲကမှ "Freezing" အေးခဲစေခြင်း စမ်းသပ်မှုက တော်တော်လေးကို ရက်စက်လှပါတယ်...။ ဂျာမန်တိုက်လေယာဉ်တွေ အေးခဲနေတဲ့ ရေထဲကို ပျက်ကျခဲ့ပါက လေယာဉ်မှူး အသက်ရှင်နိုင်မည့် နည်းလမ်းနှင့် သူတို့ကို အထိရောက်ဆုံးကုသဖို့ ဆေးဝါးရှာဖွေနေစဉ်အတွင်းမှာ အကျဉ်းသားများကို ရေအေးထဲတွင် ၅နာရီကြာရေစိမ်ပြီး စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်...။

source Once A Glance Page

phtoo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။