ပရိသတ်တွေရဲ့ အချစ်တော်လေး ဟာသ သရုပ်ဆောင် ဖြူဖြူထွေးကတော့ အားပေးချစ်ခင်နေကြတဲ့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီဆိုတာ ပရိသတ်ကြီးများ အသိပါပဲနော်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ဖြူဖြူထွေးဟာ ကြော်ငြာတွေရိုက်ကူးနေသလို အခမ်းအနားပွဲတော်တော်များများလည်း တက်ရောက်ဖြစ်နေပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ်နော်..။


Photo Credit – Phyu Phyu Htwe’s Facebook
Photo Credit – Amazing Grace Photography

အခုတစ်ခါမှာလည်း ဖြူဖြူထွေးလေးတစ်ယောက် နာမည်ကျော် ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြတဲ့ ဖွေးဖွေး၊ လွှမ်းပိုင်၊ ရဲရင့်အောင်တို့နဲ့အတူ “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူပါဝင်သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်..။

ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောအချစ်ပိုစေတဲ့ ဖြူဖြူထွေးကတော့ အပြင်မှာလည်း သူများတွေကို မွှေပြီး လိုက်စနောက်တတ်သလို မွှေလို့ စိတ်ဆိုးရင်လည်း မကြိုက်ဘူးလို့ ဆိုပါတယ်နော်..။


Photo Credit – Phyu Phyu Htwe’s Facebook
Photo Credit – Phyu Phyu Htwe’s Facebook

ချစ်စရာကောင်းစွာ ပျော်ပျော်နေတတ်တဲ့ သူမကတော့ အပြင်မှာလည်းသူများတွေကို လိုက်မွှေပြီး မွှေတဲ့အခါ စိတ်မဆိုးမှ ကြိုက်တာ စိတ်ဆိုးရင် မကြိုက်ဘူးဆိုပြီးတော့ ချစ်စဖွယ်လေး ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့အတူ ဇာတ်ကားအတူရိုက်ရမယ့်မို့ ပြင်ဆင်မှုလေးတွေနဲ့ စိတ်လှုပ်ရှားနေတဲ့ အကြောင်းလေးကိုလည်း ပြောပြထားတဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Phyu Phyu Htwe’s Facebook
Photo Credit – Phyu Phyu Htwe’s Facebook

Photo Credit – Phyu Phyu Htwe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။