အနုပညာမှာ ထူးချွန်ရုံသာမက ပညာရေးမှာလည်း ထက်မြတ်လွန်းတာကြောင့် အားလုံးကချီးကျူးနေရသူကတော့ သရုပ်ဆောင် လွင်မိုးရဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးပါ။ သူမဟာ လတ်တလောမှာတော့ ဩစတေးလျနိုင်ငံတွင် ခင်ပွန်းသည်နဲ့အတူ ပညာတော်သင်သွားရောက်နေတာပါ။ ပညာရေးတစ်ပိုင်းတစ်စနဲ့ဖြစ်တာကြောင့် သားလေးကိုတော့ ဖိုးဖိုး၊ဖွားဖွားတွေကပဲ ပြုစုစောင့်ရှောပ်နေတာပါ။

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram

မကြာခင်ရက်ပိုင်းမှာလည်း ကျောင်းပိတ်ရက်ကျရောက်တော့မှာဖြစ်တာကြောင့် ခေးလေးတို့ဇနီးမောင်နှံနှစ်ယောက်လုံး မြန်မာနိုင်ငံကို ပြန်လာကြတော့မှာပါ။ သူမရဲ့ Instagram လူမှုကွန်ယက်တွင်လည်း မကြာခင်မှာသားလေးနဲ့တွေ့ဆုံရတော့မှာ ဖြစ်တဲ့အတွက် ရင်ခုန်နေကြောင်း ဗီဒီယိုလေးတင်ထားပါသေးတယ်။ ခေးလေးနဲ့ သူမရဲ့ ခင်ပွန်းဟာလည်း အရမ်းကို လိုက်ဖက်ညီလွန်းလှတာကြောင့် ပရိသတ်များကပါ အားကျနေရတာပါ။

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram

အခုတစ်ခါမှာလည်း ခေးလေးရဲ့ Instagram Stories မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ချစ်ခင်ပွန်းရဲ့ပါးလေးကိုအသည်းယားတာကြောင့် ဆွဲညှစ်နေတဲ့ ဗီဒီယိုလေးပါ။ ပရိသတ်တွေအတွက် ခေးလေးတို့နှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- Yunwaddy’s Instagram Stories

Photo Credit- Yunwaddy’s Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။