သဘောအရမ်းကောင်းပြီးရိုးသားတာကြောင့် ပရိသတ်တွေအရမ်းချစ်ခင်အားပေးရတဲ့ မင်းသမီးချောလေးဖြူဖြူထွေးဟာဆိုရင် အောင်မြင်မှုတွေကို ရရှိလာတာတောင် မာန်မာနမကြီးဘဲ သူမရဲ့အရင်ပုံစံလေးအတိုင်း ပွင့်လင်းသွက်လက်စွာ နေထိုင်နေတာဖြစ်ပါတယ်။ဖြူဖြူထွေးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့အကျင့်စရိုက်‌လေးနဲ့ ဖြူစင်တဲ့စိတ်ထားလေးကို ပိုပိုချစ်လာရတာပါနော်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

လက်တလောမှာဆိုရင် ဖြူဖြူထွေးက ကြော်ငြာတွေအများအပြားကို ရိုက်ကူးနေရပြီး အကယ်ဒမီဖွေးဖွေးနဲ့အတူလည်း "ရောသမမွှေ"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဦးမှာဖြစ်ပါတယ်။ဖြူဖြူထွေးကတော့ အနုပညာလောကမှာ တစ်စထက်တစ်စအောင်မြင်မှုတွေရရှိလာပြီး အမြို့မြို့အနယ်နယ်က ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့် နေရာတစ်နေရာရရှိနေပြီဖြစ်ပါတယ်နော်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

လူချစ်လူခင်အရမ်းပေါများတဲ့ဖြူဖြူထွေးက အခုဆိုရင်လည်း မြန်မာပြည်ကိုအလည်အပတ်ရောက်ရှိနေတဲ့ Sinon Loresca နဲ့သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဖြူဖြူထွေးကတော့ Sinon ရဲ့၁၀လက်မလောက်မြင့်တဲ့ဒေါက်ဖိနပ်ကြီးကိုဝတ်ဆင်ပြီး Sinon နဲ့အတူCatwalk အတူတူလျှောက်ပြပြီး ပျော်ရွှင်နေတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Facebook
Photo Credit:Phyu Phyu Htwe's Facebook

Photo Credit:Phyu Phyu Htwe's Facebook

Video Credit:Phyu Phyu Htwe's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။