လိုက်ဖက်ညီလွန်းတဲ့ ဇနီးမောင်နှံအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူတွေကေတော့ သရုပ်ဆောင် စမိုင်းလ်တို့ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက် ချစ်ခင်မှုတွေဟာလည်း မြင်ရသူတိုင်းကို ကြည်နူးစေတာပါ။ သူတို့နှစ်ယောကဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းစပရိုက်လေးတွေ လုပ်ပေးလေ့ရှိပါသေးတယ်။

Photo Credit - Smile's Facebook Page
Photo Credit - Smile's Facebook Page
Photo Credit - Smile's Facebook Page

မကြာသေးခင်ကလည်း ချစ်ခင်ပွန်းရဲ့မွေးလဖြစ်တဲ့ အောက်တိုဘာလတစ်လလုံးလုံးအလှူအတန်းတွေ ပြုလုပ်ခဲ့ကြတာပါ။ စမိုင်းလ်ဟာ ချစ်ခင်ပွန်းရဲ့ သစ္စာရှိလွန်းပြီး ဂရုတစိုက်အမြဲရှိမှုကြောင့် အမြဲကြည်နူးပျော်ရွှင်နေရတာပါ။ အခုမှာလည်း သူတို့နှစ်ယောက်ရဲ့ စုံတွဲပုံရိပ်လေးကို ပရိသတ်တွေအတွက် ဝေမျှလိုက်ပြန်ပါပြီ။  

Photo Credit - Smile's Facebook Page
Photo Credit - Smile's Facebook Page
Photo Credit - Smile's Facebook Page

ဒါကတော့ မနေ့ညက ကျင်းပြုလုပ်ခဲ့တဲ့ " ရိုးမပေါ် ကျတဲ့မျက်ရည် " Red Carpet ပွဲကိုတက်ရောက်ရန် ၁၉၈၀ ခုနှစ်လောက်က ဖက်ရှင်လေးတွေ ဝတ်ဆင်ကာ ဓာတ်ဖမ်းခဲ့ကြတာပါ။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း" ရိုးမပေါ်မျက်ရည်မကျခင် ဦးဝင်းဦးနဲ့တဖြတ် " ဆိုပြီး ဝေမျှထားတာပါ။ ပရိသတ်တွေအတွက် စမိုင်းလ်တို့ဇနီးမောင်နှံရဲ့ စုံတွဲပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Smile's Facebook Page 

Photo Credit - Smile's Facebook Page
Photo Credit - Smile's Facebook Page
Photo Credit - Smile's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။