မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ မိန်းကလေးချင်းငေးကြည့်ရလောက်အောင် လှပလွန်းသူလေးဖြစ်တဲ့အပြင် ဖက်ရှင်ပိုင်းမှာလည်း ပြိုင်ဘက်ကင်းအောင် ဝတ်စားဆင်ယင်တတ်သူ ဖြစ်ပါတယ်။ အထူးသဖြင့် သရုပ်ဆောင်ထူးချွန်တဲ့ ရွှေကစ်လေးက အကယ်ဒမီဆုတွေကို သိမ်းပိုက်ရရှိထားသလို နိုင်ငံတကာနဲ့လက်တွဲပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေး " Best Actress in a Leading Role " ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

Photo Credit- LiJohn Photography
Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Wutt Hmone Shwe Yi's FB

ရွှေကစ်လေးက "Asian Academy Creative Awards" ကရွေးချယ်ချီးမြှင့်တဲ့ "2019 Regional Winners for Best Actress in a Leading Role" စာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကိုတော့ ရွှေကစ်လေးက " လိပ်ပြာစံအိမ် ( The Only Mom) " ဇာတ်ကားဖြင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေးက "Asian Academy Creative Awards" ရဲ့ဒုက္ကဋ္ဌဖြစ်သူ Mr. Dennis Breckinridge ဆီကနေ ဂုဏ်ပြုပန်းစည်းလက်ဆောင်ရရှိခဲ့ပါသေးတယ်။

Photo Credit- Asian Academy Creative Awards's FB
Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit- LiJohn Photography

ဒါကြောင့် ရွှေကစ်က " Thank u Mr. Dennis Breckinridge .So much appreciated ကစ်ရှိတဲ့နေရာထိမအားတဲ့ ကြားက Congratulationsပန်းစည်းလေးလာပေးတဲ့ Asian Academy Creative Award ရဲ့ Co founder Mr.Dennis ကိုလည်း ကျေးဇူး အထူးပါလို့ " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Best Actress in a Leading Role ဆုအတွက်ဂုဏ်ပြုပန်းစည်းချီးမြှင့်ခြင်းခံခဲ့ရတဲ့ဝတ်မှုန်ရွှေရည်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Wutt Hmone Shwe Yi's FB & Asian Academy Creative Awards's FB

Photo Credit- LiJohn Photography 

Photo Credit- LiJohn Photography
Photo Credit- Asian Academy Creative Awards
Photo Credit-Wutt Hmone Shwe Yi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။