အနုပညာလောကတွင် အောင်မြင်မှုတွေကိုယ်စီနဲ့လျှောက်လှမ်းနေကြသူတွေကတော့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလောကတွင် ထိပ်တန်းမင်းသားနဲ့မင်းသမီးတွေအဖြစ် ဆယ်စုနှစ်တိုင်အောင် ရပ်တည်လျက်ရှိနေတာပါ။ လတ်တလောမှာလည်း အနုပညာအလုပ်တွေလုပ်ကိုင်နေကြတာပါ။

Photo Credit - Eaindra Kyaw Zin's Facebook
Photo Credit - Eaindra Kyaw Zin's Facebook
Photo Credit - Eaindra Kyaw Zin's Facebook

သူတို့နှစ်ဦးလုံးဟာ အနုပညာအလုပ်တွေမအားလပ်တဲ့ကြားက အားလပ်ချိန်များတွင်လည်း မိသားစုကို အချိန်ပေးသူတွေပါ။ မကြာသေးခင်ကလည်း သမီးလေး ပြေသုဒြာရဲ့ မွေးနေ့လေးကို ငပလီကမ်းခြေကို အပန်းဖြေခရီးသွားရောက်ခဲ့ပြီး သမီးလေးအတွက် မွေးနေ့စပရိုက်လုပ်ပေးခဲ့တာပါ။ သမီးလေးဟာလည်း တစ်နေ့ထက်တစ်နေ့ မေမေအူဝဲနဲ့ တူတူလာပြီး ချစ်စရာကောင်းနေတာပါ။

Photo Credit - Eaindra Kyaw Zin's Facebook
Photo Credit - Eaindra Kyaw Zin's Facebook
Photo Credit - May T.Khine Tik Tok

အခုမှာလည်း အူဝဲရဲ့ သမီးချောလေးဖြစ်တဲ့ သုသုတစ်ယောက် အမဝမ်းကွဲဖြစ်သူ မေတိုးခိုင်နဲ့အတူ အသည်းယားစရာကောင်းလောက်အောင် Tik Tok လေးဆော့ကစားထားကြတာပါ။ ဒီTik Tok ဗီဒီယိုလေးကိုတော့ မေတိုးခိုင်ရဲ့ Tik Tok အကောင့်မှာ တင်ထားတာပါ။ ပရိသတ်တွေအတွက် သုသုနဲ့မေတိုးခိုင်တို့ရဲ့ ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - May T.khine's Tik Tok

Photo Credit - Eaindra Kyaw Zin's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။