ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ ထိပ်တန်းအနုပညာရှင်နှစ်ဦးဖြစ်တဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ ပရိသတ်တွေအားပေးချစ်ခင်မှုတွေကို ရရှိထားကြသူတွေပဲဆို မမှားပါဘူးနော်..။

ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေကိုယ်စီ အခိုင်အမာအောင်မြင်နေကြတဲ့ သူတို့နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေသလို အတူတွဲသရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားတွေများစွာကလည်း ပရိသတ်တွေ တခဲနက်အားပေးမှုတွေကို ရရှိထားကြပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

ပရိသတ်တွေရဲ့ အသည်းကျော်လေးနှစ်ယောက်ရဲ့ ကျွမ်းကျင်ပီပြင်လွန်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေကို အတူတွဲဖက်မြင်တွေ့ရဦးမယ့် နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “Box No.88” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်ပြတော့မှာ ဖြစ်ပါတယ်နော်..။

ကလေးသူငယ် အကြမ်းဖက်နှိမ်နင်းရေး ဇာတ်ကားကောင်းလေးဖြစ်တဲ့ “Box No.88” ရုပ်ရှင်ဇာတ်ကားကြီးကို နှစ်ယောက်အတူ ရိုက်ကူးနေရင်း ပရိသတ်တွေ တစ်ခါမှ မမြင်ဖူးသေးတဲ့ အိန္ဒြာကျော်ဇင်ရဲ့ သရုပ်ဆောင်မှုတွေအကြောင်းကိုလည်း နေတိုးက ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။


Photo By Myanmarload
Photo Credit – Nay Toe’s Facebook

နှစ်ယောက်အတူ အပေးအယူမျှမျှလေးနဲ့ အရမ်းကိုကြိုးစားထားတဲ့ ဇာတ်ကားလေးဖြစ်သလို ပရိသတ်တွေတစ်ခါမှ မမြင်ဖူးသေးတဲ့ အူဝဲရဲ့ သရုပ်ဆောင်မှုတွေကို မြင်ရမှာဖြစ်ပြီး တော်တော်လေးကို ရင်ထဲထိတယ် ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်နော်..။

“Box No.88” ဇာတ်ကားရိုက်ကူးရင်း ကြိုးစားထားကြတဲ့ အမှတ်တရလေးတွေကို ပြောပြထားတဲ့ နေတိုးရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Nay Toe’s Facebook
Photo Credit – Nay Toe’s Facebook

Photo Credit – Nay Toe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။