ပရိသတ်ကြီးရေ မင်းသမီးချောလေး အကယ်ဒမီနန္ဒာလှိုင်ဟာဆိုရင် ချစ်ရတဲ့သူနဲ့အတူတူ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်ပြီး အခုချိန်မှာဆိုရင် ချစ်စရာသမီးလေးသုံးယောက်တောင်ပိုင်ဆိုင်ထားပြီဖြစ်လို့ မိသားစုလေးကပိုပြီးပြည့်စုံသွားပါတယ်နော်။နန္ဒာလှိုင်ကတော့ လက်ရှိမှာအနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ဘဲ စီးပွားရေးကိုသာလုပ်ဆောင်ပြီး မိသားစုနဲ့သာအချိန်ပြည့်နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်တို့ဇနီးမောင်နှံနှစ်ယောက်က အလှူအတန်းဆိုလည်း အရမ်းရက်ရောကြလို့ သိန်းပေါင်းများစွာကို မကြာခဏလှူဒါန်းနေကြတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း နန္ဒာလှိုင်တို့မိသားစုရဲ့ အလှူပြုပုံတွေကိုကြည့်ပြီး သာဓုခေါ်ကာ ချီးကျူးလေးစားနေတာပါနော်။နန္ဒာလှိုင်ကတော့ သမီးသုံးယောက်မွေးဖွားထားတဲ့မိခင်လို့ ထင်ရက်စရာမရှိလောက်အောင် လှပပျိုမျစ်နေတာဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

ချစ်ခင်ပွန်း ဦးဇေသီဟကလည်း ချစ်ဇနီးချောလေးကို စိတ်ချမ်းသာအောင်ထားတာကြောင့် နန္ဒာလှိုင်က စိတ်ပျိုကိုယ်နုဆိုသလို ပိုပိုလှလာရတာဖြစ်ပါတယ်။အခုဆိုရင်တော့ နန္ဒာလှိုင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်းဟာဆိုရင် ၁၁နှစ်နဲ့၆လလောက်ရှိနေပြီဖြစ်လို့ သံမဏိရတုထိတိုင်အောင် ရိုးမြေကျသက်ဆုံးတိုင်ချစ်ခင်ကြင်နာနေကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

Photo Credit:Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။