မင်းသမီးချောလေး ဖွေးဖွေးကတော့ အနုပညာလောကမှာ အကယ်ဒမီသုံးဆုတိတိ ဆွတ်ခူးရရှိထားတဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ပီပီ အနုပညာအရည်အချင်းပြည့်ဝလွန်းတဲ့ ဖွေးဖွေးက ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်အောင် အပီအပြင်သရုပ်ဆောင်လေ့ရှိတာ ဖြစ်ပါတယ်။ ဖွေးဖွေးက နာမည်လေးနဲ့လိုက်အောင် ဖြူဖွေးဝင်းမွတ်တဲ့သားအရေလေးနဲ့ နုဖတ်လှပလွန်းသူလေးလည်း ဖြစ်ပါတယ်။ 

Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Amazing Grace

လက်ရှိမှာတော့ ဖွေးစိန်လေးက အသက် (၃၁) နှစ်အရွယ်လို့မထင်ရလောက်အောင် ဆယ်ကျော်သက်လေးအတိုင်း နုပျိုလှပနေတာ ဖြစ်ပါတယ်။ ဖွေးစိန်လေးဟာဆိုရင် ငယ်စဉ်ကလေးဘဝအရွယ်လေးကတည်းက ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေခဲ့တာပဲ ဖြစ်ပါတယ်။ အခုလည်း ဖွေးစိန်လေးက ပါးဖောင်းဖောင်းလုံးလုံးလေးနဲ့ ချစ်စရာကောင်းနေတဲ့ ငယ်ဘဝပုံရိပ်လေးကို တင်ထားပါတယ် ။

Photo Credit- Phway Phway's IG
Photo Credit- Phway Phway's IG
Photo Credit- Phway Phway's IG

ဖွေးဖွေးက "still me .. #InnerChild " ဆိုပြီး ပရိသတ်တွေမမြင်ဖူးသေးတဲ့ ကလေးဘဝက ပုံရိပ်လေးကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ အခုချိန်အထိ ငယ်ရုပ်မပျောက်ဘဲ ချစ်ဖို့ကောင်းနေတဲ့ ဖွေးစိန်လေးကတော့ ဘယ်အချိန်ကြည့်ကြည့် ဟန်ဆောင်မှုကင်းပြီး အပြစ်ကင်းစင်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖွေးဖွေးရဲ့ ကလေးဘဝက ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Phway Phway's IG & Amazing Grace

Photo Credit- Phway Phway's IG
Photo Credit- Phway Phway's IG
Photo Credit- Phway Phway's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။