ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ဂီတအနုပညာရှင်တွေထဲမှာ လူငယ်အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ကတော့ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြသူတွေပဲ ဖြစ်ပါတယ်..။
လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ကတော့ အမိုက်စားသီချင်းစာသားလေးတွေနဲ့ တေးသီချင်းကောင်းလေးတွေကြောင့် မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြသူတွေပဲ ဖြစ်ပါတယ်နော်..။
ဂီတပိုင်းမှာအောင်မြင်နေသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေအတူရိုက်ကူးဖြစ်နေပြီး မကြာခင်မှာလည်း “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝါရင့်သရုပ်ဆောင်အနုပညာရှင်များနဲ့အတူ ရိုက်ကူးသရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်နော်..။
“ငါ့ကိုနမ်းတဲ့မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူအားပြိုင်သရုပ်ဆောင်ထားကြတဲ့ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ကတော့ “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကို အတူ ထပ်မံသရုပ်ဆောင်ဦးမှာဖြစ်ပြီး သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း တစ်ယောက်အောကာင်းတစ်ယောက် အပြန်အလှန်ပြောပြလာခဲ့ပါတယ်နော်..။
လွှမ်းပိုင်ရဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး “ကိုလွှမ်းပိုင်လုပ်သလို ကျွန်တော် မလုပ်နိုင်ဘူး သူအရမ်းဖီးလ်သလို ကျွန်တော် မဖီးလ်နိုင်ဘူး..” ဆိုပြီးတော့ ရဲရင့်အောင်က ပြောပြထားသလို
“ရဲရင့်အောင် သရုပ်ဆောင်တာက သူ့မှာ သူ့ရဲ့ပင်ကိုယ်စတိုင်လ် တစ်ခုရှိတယ် အားလုံးလည်း သိကြမယ်လို့ ထင်တယ် ငါ့ကိုနမ်းတဲ့ မုန်တိုင်းထဲမှာဆိုရင်လည်း သူလုပ်တဲ့ပုံစံမျိုးက ဘယ်သူနဲ့မှ မတူဘူး သူ့စတိုင်လ်သီးသန့်ဖြစ်နေတာ သရုပ်ဆောင်တစ်ယောက်မှာ လိုအပ်တဲ့အရည်အချင်းတစ်ခုက ရဲရင့်အောင်ဆီမှာ ရှိတယ်..” ဆိုပြီးတော့လည်း ရဲရင့်အောင်ရဲ့ သရုပ်ဆောင်ကောင်းမှုတွေကို လွှမ်းပိုင်က ပြောပြထားတာ ဖြစ်ပါတယ်နော်..။
တွေ့ဆုံရင်း အတူဖြတ်သန်းခဲ့ကြတဲ့ အမှတ်တရလေးတွေနဲ့ ဇာတ်ကားတွေရိုက်ကူးခဲ့ကြတဲ့ အမှတ်တရလေးတွေကို အတူပြောပြရင်း ရယ်မောပျော်ရွှင်နေကြတဲ့ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ရဲ့ ဗီဒီယိုဖိုင်လေးကလည်း ပရိသတ်တွေကို သဘောကျစေမှာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Photo By Myanmarload
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။