ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် စမိုင်းလ်ပါ။ သူမဟာ အနုပညာလောကမှာ ဆယ်စုနှစ် နှစ်စုတိုင်အောင် အောင်မြင်ကျော်ကြားခဲ့သူတစ်ေယောက်ပါ။ ပရိသတ်တွေကလည်း သူမတို့ရဲ့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို အားကျနေရတာပါ။ 

Photo Credit - Smile's Facebook Page
Photo Credit - Smile's Facebook Page
Photo Credit - Smile's Facebook Page

သူမရဲ့ သမီးလေးတွေဟာလည်း အမေတူအချောလေးတွေပဲဖြစ်ပြီး ပရိသတ်တွေကပါ ချစ်နေရတာပါ။ သမီးလေးတွေဟာလည်း ပညာရေးမှာထူးချွန်ရုံသာမကပဲ လိမ္မာရေးခြားလည်း ရှိလွန်းတာကြောင့် စမိုင်းလ်တစ်ယောက် ကြည်နူးပီတိဖြစ်နေရတာပါ။ သမီးကြီးဖြစ်တဲ့ ပေါ်ရှာကလည်း မေမေနဲ့အတူ တစ်ခါတစ်ရံ အမိုက်စားပုံရိပ်လေးတွေ ရိုက်ကူးကာ ပရိသတ်တွေကို ဝေမျှလေ့ရှိတာပါ။  

Photo Credit - Smile's Facebook Page
Photo Credit - Smile's Facebook Page
Photo Credit - Portia Maung's FacebookPhoto Credit - Smile's Facebook Page

အခုတစ်ခါမှာလည်း သမီးကြီး ပေါ်ရှာက သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ချစ်စရာကောင်းတဲ့ Tik Tok Video လေးတစ်ခုတင်ထားတာပါ။ စမိုင်းလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " အမေဘုန်းကြီးကျောင်းရောက်နေတဲ့အချိန်အပြည့်အဝအသုံးချထားသောသမီး " ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်ကြီးအတွက် ပေါ်ရှာရဲ့ Tik Tok Video လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Portia Maung's Facebook

Photo Credit - Smile's Facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။