ဆယ်ကျော်သက်ကောင်မလေးတွေအသည်းစွဲ မင်းသားချောလေး ဖြစ်တဲ့ ညိမ်းသော်ကတော့ သူ့ရဲ့ အေးချမ်းပြီး ယောကျာ်းဆန်တဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူဖြစ်ပါတယ်။ မိန်းကလေး ပရိသတ်တွေ အများဆုံး အားပေးရရှိသူ ဖြစ်သလို တကယ့်ကို ဖော်ရွေ့ပြီး ရည်မွန်တဲ့ ညိမ်းသော်ကို အနုပညာရှင် အချင်းချင်း လည်း ချစ်ခင်ခြင်းကို ခံရသူဖြစ်ပါတယ်။

Photo Credit: Nyein Thaw Facebook
Photo Credit: Nyein Thaw Facebook

ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အလန်းစား သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာရရှိခဲ့ပါတယ်။ နောက်ထပ် ဇာတ်လမ်းတွဲတွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော် သရုပ်ဆောင်ထားမလည်းဆိုတာတော့ သူရဲ့ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားချင်စရာပဲဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ညိမ်းသော်ကတော့ အမြဲလို ဖက်ရှင်အမိုက်စားတွေနဲ့ စမတ်ကျ ခန့်ညားနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit: Nyein Thaw Facebook
Photo Credit: Nyein Thaw Facebook

လတ်တလောမှာလည်း ဆယ်ကျော်သက်ကောင်မလေးတွေကြွေသွားရလောက်အောင် ဆွဲဆောင်မှုရှိလွန်းတဲ့ ဖက်ရှင် အလန်းစားပုံရိပ်လေးတွေကိုသူရဲ့ ဖေ့ဘွတ်အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက နိုင်ငံခြားမင်းသားလားထင်မှတ်ရလောက်အောင် ချောမော ခန့်ညားလွန်းတာကြောင့် ပရိသတ်ကြီးကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Nyein Thaw Facebook
Photo Credit: Nyein Thaw Facebook

Source:Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။