ရုပ်ရှင်လောကမှာအသက်ငယ်ငယ်လေးနဲ့ပရိသတ်အခိုင်အမာရပြီးအောင်မြင်နေတာကတော့အကယ်ဒမီမြင့်မြတ်ပါ။ သူကတော့လူကြီးလူငယ်ပရိသတ်တွေအားပေးမှုတစ်ခဲနက်ရထားပြီးအောင်မြင်နေတာပါ။ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်အဖြစ်ရပ်တည်နိုင်ပေမယ့်ပရိသတ်တွေအပေါ်ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့်ပရိသတ်တွေကချီးကျူးနေရတာပါ။

Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook

သူဟာ သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်သူဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ရဲ့မိသားစုဘဝလေးကို အားကျနေရတာပါ။ သူ့ရဲ့သားလေး ဂျူနီယာမြင့်မြတ်ဟာလည်း အဖေတူသားဆိုတဲ့အတိုင်း အသက်ငယ်ငယ်လေးနဲ့ဖေဖေ့ရဲ့အိုက်တင်တွေတောင် လုပ်တတ်နေပါပြီ။ မြင့်မြတ်ဟာ အားလပ်ချိန်တိုင်း သားလေးကိုအချိန်ပေးတတ်တာပါ။

Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook
Photo Credit - Myat Wai Tun's Facebook

အခုတစ်ခါမှာလည်း တစ်ယောက်တည်းစကားတွေပြောပြီး ပြေးလွှားဆော့ကစားနေတဲ့ ဗီဒီယိုလေးကို ဂျူနီယာမြင့်မြတ် Facebook Page မှာ ဝေမျှထားတာပါ။ သားလေးရဲ့လှုပ်ရှားမှုဗီဒီယိုလေးကိုကြည့်ပြီး ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေတာပါ။ ပရိသတ်တွေအတွက် ဂျူနီယာမြင့်မြတ်လေးရဲ့ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- ဂျူနီယာမြင့်မြတ် Facebook Page

Photo Credit - Myat Wai Tun's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။