အဆိုတော် အောင်ရင်နဲ့ သရုပ်ဆောင် မိုးအောင်ရင်တို့သားအဖနှစ်ယောက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီရရှိပြီး နာမည်ရနေဆဲဖြစ်တဲ့ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ အဖေဖြစ်တဲ့အောင်ရင်ကလည်း အခုချိန်အထိ ဖျော်ဖြေပွဲတွေမှာပါဝင်သီဆိုနေရသလို သားလေးဖြစ်တဲ့ မိုးအောင်ရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးရင်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Aung Yin's FB
Photo Credit- Aung Yin's FB
Photo Credit- Aung Yin's FB

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အောင်ရင်တို့သားအဖနှစ်ယောက်က စင်ကာပူနိုင်ငံကို နှစ်ယောက်တည်းအတူတူ ခရီးထွက်ဖြစ်ခဲ့ကြပါတယ်။ ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိုးအောင်ရင်တို့သားအဖက ပွဲအခမ်းအနားလေးတွေကိုလည်း အတူတက်ရောက်နေကြတာ ဖြစ်ပါတယ်။ အခုလည်း အောင်ရင်က တရားစခန်းဝင်တော့မယ့် သားလေးမိုးအောင်ရင်ကို လေဆိပ်အထိ သေသေချာချာလိုက်ပို့ပြီး ဂရုစိုက်ပေးခဲ့ပါတယ်။

Photo Credit- Aung Yin's FB
Photo Credit- Aung Yin's FB
Photo Credit- Aung Yin's FB

အောင်ရင်က " မနက်အစောကြီး သားကိုလေဆိပ်လိုက်ပို့ပေးတယ်၊ မေမြို့ဦးဂိုအင်ဂါမှာ (၁၀) ရက်တရားစခန်းဝင်မှာပါ၊တရားထူးတရားမြတ်များ ကျင့်ကြံပွားများ အားထုတ်နိုင်ပါစေ သားရေ " ဆိုပြီး ပုံလေးတွေကိုတင်ထားတာ ဖြစ်ပါတယ်။ အောင်ရင်တို့သားအဖနှစ်ယောက်ရဲ့ပုံရိပ်လေးတွေက ပရိသတ်တွေကိုတောင် ကြည်နူးပီတိဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိုးအောင်ရင်တို့သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Aung Yin's FB 

Photo Credit- Aung Yin's FB
Photo Credit- Aung Yin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။