ပရိသတ်ကြီးရေ ရွှေမင်းသမီးလေး ရွှေမှုံရတီနဲ့ အဆိုတော်သရုပ်ဆောင် ရွှေထူးတို့ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် တူနှစ်ကိုယ်ဘဝလေးကို ၂၀၁၈ နိုဝင်ဘာလ (၁၁)ရက်နေ့မှာတည်ဆောက်ခဲ့ကြပြီး မကြာခင်မှာပဲ မင်္ဂလာသက်တမ်း၁နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ရွှေထူးနဲ့ရွှေမှုံတို့နှစ်ယောက်လုံးက လူငယ်တွေလည်းဖြစ်ကြတာကြောင့် အရမ်းရိုကြကာ မြင်တွေနေရတဲ့ပရိသတ်တွေကတောင် အမြဲအားကျရပါတယ်။

Photo Credit:Htoo Khant's Facebook
Photo Credit:Htoo Khant's Facebook
Photo Credit:Htoo Khant's Facebook

ရွှေမှုံလေးကတော့ လက်တလောမှာ ကြော်ငြာတွေအများအပြားရိုက်ကူးနေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပါဝင်ရိုက်ကူးနေကာ ချစ်ခင်ပွန်းရဲ့အနုပညာအလုပ်ကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးပါတယ်နော်။ရွှေထူးကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားကိုရိုက်ကူးနေရပြီး လက်တလောမှာလည်း အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ တွဲဖက်ပြီး ရိုက်ကူးဖို့ရှိပါတယ်နော်။

Photo Credit:Htoo Khant's Facebook
Photo Credit:Htoo Khant's Facebook
Photo Credit:Htoo Khant's Facebook

ရွှေထူးက အလုပ်တွေအများကြီးလုပ်ကိုင်နေရပေမယ့် ချစ်ဇနီးလေးအပေါ် ဂရုစိုက်ကြင်နာမှုတွေက နည်းနည်းလေးမှမလျော့သွားဘဲ အားတဲ့အချိန်တိုင်း ရွှေမှုံ့ဘေးနားမှာ အမြဲနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ရွှေမှုံလေးက မုန့်တွေကို ပလုပ်ပလောင်းနဲ့စားနေတဲ့ချစ်စရာပုံလေးကို ဓာတ်ပုံရိုက်ထားပြီး"မိန်းကလေးတစ်ယောက်ဟာ သူစားချင်တဲ့ မုန့်ကိုစားနေရတဲ့အချိန်ဟာ ချစ်ဖို့အကောင်းဆုံးပါ"ဆိုကာ ရွှေမှုံ့ပုံလေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Htoo Khant's Facebook
Photo Credit:Htoo Khant's Facebook
Photo Credit:Htoo Khant's Facebook

Photo Credit:Htoo Khant's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။