ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် သရုပ်ဆောင်မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ ဒိတ်ဒိတ်ကြဲ အောင်မြင်နေသူပဲ ဖြစ်ပါတယ်..။

ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားတဲ့ အူဝဲကတော့ သူမ မလုပ်ဖူးတဲ့ စိတ်နှစ်စိတ်နဲ့ သရုပ်ဆောင်ခဲ့ရတဲ့ ကာရိုက်တာအကြောင်းကို ပြောပြလာပါတယ်..။


Photo Credit - Li John Photography
Photo Credit - Li John Photography

မကြာခင်မှာ ရုံတင်ပြတော့မယ့် “Box No.88” ရုပ်ရှင်ဇာတ်ကားကြီးမှာ မိခင်တစ်ယောက်ရဲ့ စိတ်နဲ့ရော ကလေးငယ်လေးတစ်ယောက်ရဲ့ စိတ်နဲ့ရော စိတ်နှစ်စိတ်နဲ့ သရုပ်ဆောင်ခဲ့ရတဲ့ ကာရိုက်တာအကြောင်းကို ပြောပြထားတာပဲ ဖြစ်ပါတယ်..။

သရုပ်မဆောင်ဖူးတဲ့ စိတ်နှစ်စိတ်နဲ့ သရုပ်ဆောင်ရတာဟာ ခက်ခဲပေမယ့် ခက်ခဲတဲ့အလုပ်ကို လုပ်ကြည့်ချင်ပြီး စိတ်ဝင်စားမယ့် ဇာတ်မျိုးလေးလည်း ဖြစ်တာမို့ ဇာတ်ကားလေးကို လက်ခံမိသွားတာလို့ ဆိုပါတယ်နော်..။


Photo By Myanmarload
Photo Credit - Li John Photography

ကလေးသူငယ်အကြမ်းဖက်ပညာပေးဇာတ်ကားဖြစ်တဲ့ “Bo No.88” ဇာတ်ကားကြီးမှာ “ကလေးမွေးပြီးတော့ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကို ပိုနားလည်ပြီး acting လုပ်လို့ ပိုကောင်းတယ်.. ပရိတ်သတ် ကြိုက်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်က အမြဲ ဖြစ်တယ် ... ကိုယ့်ကို ကိုယ်တော့ တခါမှ အမှတ်မပေးဖြစ်ဘူး..” ဆိုပြီးတော့လည်း အူဝဲက ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ ခက်ခက်ခဲခဲ ကြိုးစားစသရုပ်ဆောင်ခဲ့ရတဲ့ ကာရိုက်တာတွေနဲ့ ဇာတ်အကြောင်းလေးကို ပြောပြထားတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလ်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit - Li John Photography

Photo Credit - Li John Photography ၊ Eaindra Kyaw Zin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။