ပရိသတ်ကြီးရေ မင်းသမီးချောလေးဆုပန်ထွာကတော့ ဟိုးအရင်ခေတ်ကတည်းက ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်လို့ ပရိသတ်တွေနဲ့မစိမ်းတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။လက်ရှိမှာလည်း ဆုပန်ထွာက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

ဆုပန်ထွာက အရမ်းချစ်တတ်တဲ့ခင်ပွန်းကိုလည်းပိုင်ဆိုင်ထားသလို ချစ်စရာသားသားလေးတစ်ယောက်လည်းမွေးဖွားထားလို့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။ဆုပန်ထွာရဲ့ သားလေး Roar Roar က ကျောင်းတတ်နေတဲ့အရွယ်ရောက်ရှိနေပြီဖြစ်ပြီး စကားတွေလည်းအရမ်းတတ်ကာချစ်စရာကောင်းအောင်ပြုမှုတတ်လို့ ပရိသတ်တွေရဲ့အသည်းကျော်လေးလည်းဖြစ်ပါတယ်နော်။

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

ဆုပန်ထွာကတော့ လက်တလောမှာဆိုရင် အမေရိကန်ပြည်ထောင်စုကို ဖျော်ဖြေရေးအတွက်ရောက်ရှိနေခဲ့တာ ရက်တော်တော်ကြာနေပြီဖြစ်ပါတယ်။အားတဲ့အချိန်မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့အထင်ကရနေရာတွေကို လည်ပတ်ပြီး အခုဆိုရင်လည်း ဆန်ဖရန်စစ္စကို ရဲ့Santa Cruz Beach မှာ သဲသောင်ပြင်ပေါ်ထိုင်ပြီး ငှက်လေးတွေကို အစာကျွေးနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Supan Htwar's Facebook

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

Video Credit:Supan Htwar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။