သရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်ထွန်းကတော့ မော်ဒယ်၊ အလှမယ်တစ်ဦးအဖြစ် ပရိသတ်တွေနဲ့ရင်းနှီးမှုစတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင်လည်း ထက်ထက်ထွန်းက သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ယခုလက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ " အကြင်နာမြစ်ဖျား " ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း ထက်ထက်ထွန်းက ပါဝင်သရုပ်ဆောင်ထားရပါတယ်။ 

Photo Credit-Amazing Grace
Photo Credit-LiJohn Photography
Photo Credit-Htet Htet Htun's FB

ဒီဇာတ်လမ်းတွဲလေးမှာတော့ ထက်ထက်ထွန်းနဲ့အတူ မိုးယံဇွန်၊ ဝေလျှံ ၊ ခင်ဝင့်ဝါတို့လည်း ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ အခုလည်း ထက်ထက်ထွန်းက ခင်ဝင့်ဝါနဲ့အတူ အမှတ်တရရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ ထက်ထက်ထွန်းက " ချယ်ရီလေးနဲ့ ချောစုလေး ဘယ်လိုရှေ့ဆက်မလည်း အကြင်နာမြစ်ဖျားရယ် " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Htet Htet Htun's FB
Photo Credit-Htet Htet Htun's FB

ချယ်ရီနဲ့ချောစုအဖြစ် သရုပ်ဆောင်ထားကြတဲ့ ထက်ထက်ထွန်းနဲ့ ခင်ဝင့်ဝါတို့နှစ်ယောက်က အပြင်မှာလည်း တကယ့်ကိုခင်မင်ရင်းနှီးကြတဲ့ အနုပညာညီအစ်မတွေ ဖြစ်ကြပါတယ်။ အခုလည်း သူမတို့နှစ်ယောက်က ချစ်ချစ်ခင်ခင်နဲ့ အနမ်းလေးတွေပေးပြီး အချင်းချင်းစနောက်ကျီစယ်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဝင့်ဝါနဲ့ ထက်ထက်ထွန်းတို့နှစ်ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Htet Htet Htun's FB

Photo Credit-Htet Htet Htun's FB
Photo Credit-Htet Htet Htun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။