တေးရေး၊တေးဆို အဆိုတော် လွှမ်းပိုင်က လက်ရှိလုပ်နေတဲ့ အခွေကို ဇွန်လမှ ထုတ်သွားမည် ဖြစ်ကြောင်းနဲ့ အကောင်းဆုံး အနေအထားတစ်ခုနဲ့သာ ပရိသတ်ကို နားထောင်စေချင်တာကြောင့် နောက်ဆုံးလိုက်ရခြင်းဖြစ်ကြောင်း ဖေ့ဘွတ်ကနေ တစ်ဆင့် အသိပေးလိုက်ပါတယ်။ မူလက အဆိုပါ ဒုတိယတစ်ကိုယ်တော်ဖြစ်သည့် ဂီတဗေဒ အခွေကို မေလကုန်တွင် ဖြန့်ချိမည်ဟု အင်တာဗျုးတစ်ခုတွင် ပြောကြားခဲ့သော်လည်း ပိုမိုကောင်းမွန်ရန်ရည်ရွယ်ပြီး အခွေထွက်မည့်ရက်ကို နောက်ဆုံးလိုက်ခြင်းဖြစ်ပါတယ်။

လွှမ်းပိုင်က “ကျွှန်တော်အခွေကိုအကောင်းဆုံးဆိုတဲ့အနေထားကိုပဲထုတ်ပေးလိုသောကြောင့်

အခွေထုတ်ရက်ကို June လကိုနောက်ဆုတ်ထားပါတယ်။အားလုံးပဲ June လမှာသီချင်းသစ်တွေနဲ့တွေ့မယ်ဗျို့။

Saturday 24.6.2017 Yangon

Sunday 25.6.2017 Mandalay” လို့ဖေ့ဘွတ်မှာဆိုထားသလို သူ့ပရိသတ်တွေကလည်း အားပေးစကားတွေပြောထားပါတယ်

‘‘ဒီအခွေမှာ ကျွန်တော့်ခံစားမှု၊ ကျွန်တော့် အနုပညာ၊ ကျွန်တော့်ရင်ထဲက အစစ်တွေ ချည်းပဲ။ အဲဒါကိုတော့ အာမခံနိုင်တယ်’’လွှမ်းပိုင်က ဆိုပါတယ်။

Source: လွှမ်းပိုင်ဖေ့ဘွတ်

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။