မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ချစ်ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင် သဉ္ဇာနွယ်ဝင်းက သားလေးတစ်ယောက်ထွန်းကားခဲ့သလို ဒုတိယမြောက်သမီးလေးကိုတောင် ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းရဲ့ပထမဆုံးသားဦးလေးဖြစ်တဲ့ Peach လေးကတော့ မေမေ့လိုပဲ ပရိသတ်တွေရဲ့အချစ်တွေကို ရရှိနေတာ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

မက်မွန်သီးလေးလို လုံးဝန်းတဲ့ပါးဖောင်းဖောင်းလေးတွေနဲ့ အသည်းယားစရာကောင်းတဲ့ Peach လေးရဲ့ချစ်စဖွယ်လှုပ်ရှားမှုလေးတွေကိုတော့ မေမေသဉ္ဇာနွယ်ဝင်းက အမြဲတင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း သဉ္ဇာက အဆော့မက်တဲ့Peach လေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးတွေကို အသစ်တင်ထားပါတယ်။ Peach လေးတစ်ယောက် ကစားကွင်းထဲကမထွက်နိုင်လောက်အောင် အပီအပြင်ဆော့နေတာကိုဗီဒီယိုလေးရိုက်ပြီး တင်လိုက်တာ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

Peach လေးကတော့ ကစားကွင်းထဲမှာ တက်လိုက်ဆင်းလိုက်နဲ့ လျှောစီးရင်း တစ်ယောက်တည်း အားရပါးရဆော့ကစားနေတာ ဖြစ်ပါတယ်။ သူ့စိတ်တိုင်းကျ ကစားရလို့ ရယ်မောပျော်ရွှင်နေတဲ့ Peach လေးရဲ့အမူအရာလေးတွေကတော့ အရမ်းကိုချစ်ဖို့ကောင်းလွန်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းရဲ့သား Peach လေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Thinzar Nwewin's FB 

Photo Credit-Thinzar Nwewin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။