ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်လွှမ်းပိုင်ကတော့ ဂီတလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး ပရိသတ်တွေတခဲနက် အားပေးချစ်ခင် ဝန်းရံနေကြတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ဂီတလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး သရုပ်ဆောင်နေထူးနိုင်နဲ့အတူ “ရပ်ကျော်ရွာကျော်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

“ရပ်ကျော်ရွာကျော်” ဇာတ်ကားကြီးမှာ နေထူးနိုင်နဲ့အတူ သရုပ်ဆောင်ရင်း နေထူးနိုင်ရဲ့ အနုပညာအပေါ်ကြိုးစားမှုတွေနဲ့ သိုင်းချတဲ့ကားတွေမှာ အမြော်အမြင်ကြီးတယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်နော်..။

နေထူးနိုင်က ရုပ်ရှင်လောကမှာ ဘဝတွေမျိုးစုံနဲ့ ဖြတ်သန်းကာ အတွေ့အကြုံတွေများသလို သိုင်းချတဲ့ကားတွေမှာ အမြော်အမြင်ကြီးသလို အက်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ဝင်ခန်းတွေမှာ သုံးတဲ့ကြိုးတွေဟာ နေထူးနိုင်ဆီမှာ အကုန်ရှိပြီး သူ့အလုပ်အပေါ် အရမ်းချစ်တဲ့အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit – Nay Htoo Naings Facebook
Photo Credit – Nay Htoo Naings Facebook

ဇာတ်ကားအတူရိုက်ခဲ့ကြတဲ့ အမှတ်တရတွေနဲ့ ပတ်သက်ပြီးတော့လည်း နေထူးနိုင်နဲ့အတူ ရိုက်ရတာ အရမ်းပျော်ဖို့ကောင်းပြီး အရမ်းတော်လို့ လေးစားမိတဲ့ အကြောင်းလေးတွေကိုလည်း လွှမ်းပိုင်က ပြောပြထားပါသေးတယ်..။

နေထူးနိုင်နဲ့ အမှတ်လေးတွေကို ပြောပြထားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် လွှမ်းပိုင်ရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း ကျေနပ် သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit – Nay Htoo Naings Facebook
Photo Credit – Nay Htoo Naings Facebook

Photo Credit – Nay Htoo Naings Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။