ပရိသတ်ကြီးရေ.. အသံပါဝါကောင်းကောင်းနဲ့ တေးသီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မငတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ အဆိုတော်ချမ်းချမ်းကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး အေးချမ်းစွာ ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Chan Nyein’s Facebook
Photo Credit - Chan Nyein’s Facebook

ပရိသတ်တွေရဲ့ အချစ်တော် ချမ်းချမ်းကတော့ အခက်အခဲတွေနဲ့ ကြုံလာတိုင်း စိတ်ညစ်လာတိုင်းမှာ သူမရဲ့ အကောင်းဆုံးထွက်ပေါက်က ဘုရားနဲ့ မနက်တိုင်း စကားပြောတာပါဆိုပြီး သူမရဲ့ အကြောင်းလေးကို ပြောပြလာပါတယ်နော်..။

သမီးလေးကို အချိန်ပေးဖြစ်တဲ့အကြောင်းလေးနဲ့ ပတ်သက်ပြီးတော့လည်း မနက်အိပ်ရာနိုးတာနဲ့ သမီးလေးကျောင်းပို့ဖို့အတွက် သမီးလေးရဲ့ ထမင်းချိုင့်နဲ့ ဝေယျာဝေစ္စတွေကို လုပ်ပေးပြီးနောက်ပိုင်းမှ အနုပညာအလုပ်တွေကို လုပ်ဖြစ်တယ် ဆိုပြီး ပြောပြထားပါတယ်နော်..။


Photo Credit - Chan Nyein’s Facebook
Photo Credit - Chan Nyein’s Facebook

သူမတက်ရောက်တဲ့ အခမ်းအနားပွဲတော်တော်များများကိုလည်း သမီးလေးနဲ့အတူ တက်ရောက်ဖြစ်သလို နည်းနည်း ယောင်္ကျားဆန်ပြီး အရမ်း ပြေလည်နေရင်တောင် တစ်ခုခု မှားနေပြီ ထင်တယ်ဆိုပြီးတော့လည်း ပရိသတ်တွေကို ပြောပြထားပါသေးတယ်..။

ချမ်းချမ်းကတော့ သူမရဲ့ ဘဝခံယူချက်အကြောင်းလေးနဲ့ နေ့စဉ်ဖြတ်သန်းနေတဲ့ သမီးလေးနဲ့ အကြောင်းလေးကို ပြောပြထားတဲ့ ချမ်းချမ်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Chan Nyein’s Facebook
Photo Credit - Chan Nyein’s Facebook

Photo Credit - Chan Nyein’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။