ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်သော Emporio Armani ၏ ပထမဦးဆုံးအရောင်းဆိုင်ကို ရန်ကုန်မြို့ရှိ Sule Square စျေးဝယ်စင်တာ၏ မြေညီထပ်တွင် နိုဝင်ဘာ ၁၅ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ဆုံးပေါ် ဝတ်အထည်များ၊ ဖိနပ်များ နှင့် ဖက်ရှင်ကျကျတွဲဖက်ဝတ်ဆင်နိုင်သော နာရီ၊ အိတ်အစရှိသော အသုံးအဆောင်ပစ္စည်းများကို နိုင်ငံတကာနှင့်တစ်ပြေးညီ ဖွင့်လှစ်ရောင်းချလျက်ရှိသည်။  

အဆိုပါဆိုင်တွင်ပြုလုပ်ခဲ့သော နွေဦးဖက်ရှင်ဒီဇိုင်းသစ်များမိတ်ဆက်ပွဲကို မြန်မာနိုင်ငံတွင်လည်း ကမ္ဘာကျော် မော်ဒယ်များနှင့်အတူ ဖွင့်လှစ်ပြသခဲ့ပြီး မြန်မာနိုင်ငံမှ နာမည်ကျော် နေတိုး၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ နိုင်းနိုင်း၊ လူမင်း၊ ဇွဲပြည့်နှင့် အခြား သရုပ်ဆောင်များတက်ရောက်ခဲ့သည်။

Source: Emporio Armani

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။