မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ မိန်းကလေးတိုင်း အားကိုးချင်စရာကောင်းလောက်တဲ့ ဗလတောင့်တောင့်နဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ တောင့်တင်းကျစ်လျစ်တဲ့ ကြွက်သားတွေနဲ့ အမိုက်စားတက်တူးတွေကတော့ တိုင်ရွန်ရဲ့ဆွဲဆောင်မှုအရှိဆုံးအချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တိုင်ရွန်က မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့အထိ သည်းသည်းလှုပ်အားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။

Photo Credit : Tyron Bejay Facebook
Photo Credit : Tyron Bejay Facebook

သူကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ နူတ်ခမ်းနီမလေးတွေကြွေသွားရလောက်အောင် မြန်မာဆန်ဆန်တိုက်ပုံလေးနဲ့ အထာကျကျရိုက်ထားတဲ့ ပုံလေးတွေကို သူရဲ့ အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။တိုင်ရွန်ကတော့ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေသလို ခရီးတွေလည်းထွက်ရှိနေတာဖြစ်ပါတယ်။

Photo Credit : Tyron Bejay Facebook
Photo Credit : Tyron Bejay Facebook

အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း တိုင်ရွန်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Photo Credit : Tyron Bejay Facebook
Photo Credit : Tyron Bejay Facebook

Source:Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။