ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးချစ်သုဝေဟာဆိုရင် ချစ်စရာအမွှာသမီးလေးနှစ်ယောက်ကိုလည်း မွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ချစ်သုဝေကတော့ အခုနောက်ပိုင်းမှာ ဇာတ်ကားတွေမရိုက်တော့ပေမယ့် ကြော်ငြာတွေကိုတော့လက်ခံရိုက်ကူးပြီး ဖိတ်ကြားလာတဲ့ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာဖြစ်ပါတယ်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

ချစ်သုဝေက ခေတ်နဲ့သစ်ကို သေချာပြုစုပျိုးထောင်ပေးပြီး အသေးအဖွဲ့လေးကအစဂရုစိုက်တတ်တဲ့မေမေဖြစ်လို့ ခေတ်နဲ့သစ်ကလည်း ကျန်းကျန်းမာမာနဲ့ ထူးချွန်ထက်မြက်စွာကြီးပြင်းလာပါတယ်နော်။ခေတ်နဲ့သစ်လေးက အခုဆိုရင် ၂နှစ်ခွဲကျော်အရွယ်ကို ရောက်ရှိနေကြပြီး မေမေနဲ့ဖေဖေရဲ့ သင်ကြားပြသမှုတွေအောက်မှာ လိမ္မာရေးခြားရှိပြီး အရမ်းတော်တဲ့ကလေးလေးတွေဖြစ်ပါတယ်နော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

မေမေချစ်သုဝေကလည်း သမီးလေးနှစ်ဖက်နဲ့ အလုပ်တွေအရမ်းရှုပ်နေတာတောင် အလှမပျက်သွားဘဲ ပိုပိုပြီးတောင်လှလာတာဖြစ်ပါတယ်။အခုဆိုရင်လည်း ချစ်သုဝေက Heguru Yangon School ရဲ့ပွဲလေးကို အဖြူရောင်ဝတ်စုံလေးဆင်မြန်းပြီး တက်ရောက်ခဲ့ပါတယ်။ကလေးနှစ်ယောက်အမေလို့ထင်ရက်စရာမရှိလောက်အောင် လှပပျိုမျစ်နေတဲ့ ချစ်သုဝေရဲ့ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

Source:Chit Thu Wai's Facebook

Photo Credit:Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။