သရုပ်ဆောင် မင်းသားချောလေး သူရိယကတော့ စိန်ဘယက်ကြော်ငြာလေးနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ အသားဖြူပြီး ချောမောခန့်ညားတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ သူရိယက မိန်းကလေးပရိသတ်တွေ အသည်းစွဲချစ်ခင်အားပေးရသူလည်း ဖြစ်ပါတယ်။ သူရိယအနေနဲ့ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေအများဆုံးရိုက်ကူးခဲ့ရသလို လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit-Thu Riya's FB
Photo Credit-Thu Riya's FB
Photo Credit-Thu Riya's FB

အခုရက်ပိုင်းမှာတော့ သူရိယအနေနဲ့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရသလို ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း သူရိယက ပရိသတ်တွေကြည်နူးပီတိဖြစ်သွားစေမယ့် ဗီဒီယိုဖိုင်လေးတစ်ခုကို မျှဝထေားပါတယ်။ ဒီဗီဒီယိုလေးမှာတော့ သူရိယတစ်ယောက် စိန်ဘယက်ဆေးတိုက်မိသားစုရဲ့အလှူတော်မင်္ဂလာပွဲလေးမှာ ရဟန်းအဖြစ်သာသနာ့ဘောင်ကိုဝင်ရောက်သွားပုံကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Thu Riya's FB
Photo Credit-Thu Riya's FB

သူရိယကတော့ " နတ်လူသာဓု ခေါ်စေသော် " ဆိုပြီး ပရိသတ်တွေသာဓုခေါ်စေနိုင်ဖို့ ဗီဒီယိုဖိုင်လေးကိုတင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဦးပဉ္ဇင်း နာယကအဖြစ် ရဟန်းဘဝကိုခံယူလိုက်တဲ့ သူရိယက ကြည်လင်ဝင်းပတဲ့မျက်နှာလေးနဲ့ အရမ်းကို အေးချမ်းတည်ငြိမ်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သာသနာ့ဘောင်သို့ ဝင်ရောက်သွားတဲ့ သူရိယရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Thu Riya's FB 

Photo Credit-Thu Riya's FB
Photo Credit-Thu Riya's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။