ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်လေးကတော့ တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေသူထားတဲ့ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်..။

အောင်ကျော်ကြားတဲ့ ပြည်သူအသည်းကျော် အနုပညာရှင်အဖြစ် ရပ်တည်နေတဲ့ စန္ဒီမြင့်လွင်ကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးချောလေးကိုလည်း မွေးဖွားပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်နော်..။


photo Credit - Amazing Grace Photography
Photo Credit - Alinn Yaung Photography

သမီးလေး Treasure လေးကတော့ ၀၀ကစ်ကစ် ပြည့်ပြည့်ဖောင်းဖောင်း နှုတ်ခမ်းလေးကလည်း ထော်ထော်လေးနဲ့ ချစ်စရာကောင်းလွန်းနေတာမို့ မိသားစုတွေရဲ့ သည်းသည်းလှုပ်အချစ်တွေအပြင် ပရိသတ်တွေအားလုံးကလည်း အသည်းယားအချစ်ပိုနေကြတာ ဖြစ်ပါတယ်နော်..။

ကြည်နူးစရာ မိသားစုပုံရိပ်လေးတွေနဲ့ မြင်သူတိုင်းကို အားကျစေတဲ့ ဒီဒီးရဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး Treasure လေးကတော့ အခုဆိုရင် မှောက်တက်နေပြီဖြစ်ပြီး မှောက်ပြီး လိုက်ကြည့်နေတဲ့ပုံလေးတွေကြောင့် မေမေဒီဒီးတစ်ယောက် အသည်းယား အချစ်ပိုနေပါတယ်နော်..။


Photo Credit - Sandy Myint Lwin’s Facebook
Photo Credit - Sandy Myint Lwin’s Facebook

မှောက်ပြီး ကြည့်နေရင်း ပါးလေးတွေတွဲတွဲလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးရဲ့ အသည်းယားချစ်စရာကောင်းလွန်းတဲ့ ပုံလေးတွေကိုလည်း ဒီဒီးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

“မီးမီး ဒီနေ့ကစပြီး မှောက်တတ်နေပါပြီနော်

မီးမီးက မေမေနဲ့ တူတာလား ဖေဖေနဲ့တူတာလား

အဖြေမှန်ရင် မီးမီးပါးဖောင်ဖောင်းလေးကိုတစ်ခါနမ်းခွင့်ပေးမယ်နော်..” ဆိုပြီး သမီးလေးရဲ့ ချစ်စရာ ပုံလေးတွေကို မျှဝေထားတာမို့ အားလုံးက အချစ်ပို သဘောကျနေကြပါတယ်နော်..။

Photo Credit - Sandy Myint Lwin’s Facebook
Photo Credit - Sandy Myint Lwin’s Facebook

Photo Credit - Sandy Myint Lwin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။