မင်းသမီးချောလေး မိုးယုစံကတော့ ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေလေးနဲ့ အရမ်းကိုသွယ်လျလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်ကို ရရှိပြီးသားဖြစ်တဲ့ မိုးယုစံက အခုချိန်မှာတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်မွေးဖွားထားတာ ဖြစ်ပါတယ်။ မိုးယုက သားလေးကို ဂရုတစိုက်နဲ့ပြုစုနေရင်း အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB

အမြဲတမ်းလှနေတဲ့ မိုးယုက ကလေးတစ်ယောက်အမေဖြစ်သွားပေမယ့်လည်း ယနေ့အချိန်အထိကို အရွယ်တင်နုပျိုပြီး လှပတင့်တယ်နေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မိုးယုတစ်ယောက် ခရီးတွေထွက်ရင်း ပျော်ရွှင်နေတဲ့ပုံလေးတွေကို လူမှုကွန်ယက်မှာမျှဝေပေးထားပါတယ်။ ဒီနေ့မှာလည်း မိုးယုက သာယာလှပတဲ့ အင်းလေးရေပြင်ကျယ်ကြီးနဲ့အတူ ဓာတ်ဖမ်းထားတဲ့ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ပေးထားပါတယ်။

Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB

မိုးယုစံတစ်ယောက် ဖြူစင်ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းစင်တဲ့ အပြုံးလှလှလေးတွေနဲ့အတူ အစွမ်းကုန် လှပနေတာပဲ ဖြစ်ပါတယ်။ မိုးယုက " အရမ်းလှတယ်ဟုတ်.....ရှုခင်းကိုပြောတာပါမေမေ မိုးလေး ခရီးသွားနေတော့ ဒီရက်ပိုင်းတော့မျက်စိနောက်မယ်နော် " ဆိုပြီး ပုံလေးတွေတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးယုစံရဲ့ခရီးသွားအလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Moe Yu San's FB 

Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB
Photo Credit-Moe Yu San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။