မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အနုပညာလောကမှာရပ်တည်နေတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် တေးသံရှင်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်နော်။တစ်ခေတ်တစ်ခါမှာ သူမတူတဲ့ဒီဇိုင်းတွေကို ဝတ်စားဆင်ယင်တတ်ပြီး မေးစေ့ပေါ်ကမှဲ့လေးကတောင် အရမ်းဆွဲဆောင်မှုရှိတာကြောင့် ထွန်းအိန္ဒြာဗိုလ်ရဲ့အလှအပတွေကို ပရိသတ်တွေကချီးကျူးနေတာဖြစ်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

အခုလက်တလောမှာတော့ ထွန်းအိန္ဒြာဗိုလ်က ချစ်ခင်ပွန်းနဲ့အတူ ကိုရီးယားကိုသွားရောက်ပြီး အလှအပဆိုင်ရာအတွက် အသေးစားခွဲစိတ်မှုလေးတွေကို ပြုလုပ်ခဲ့ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်ကတော့ ခွဲစိတ်ထားတာကြောင့် မျက်နှာတစ်ခုလုံး နည်းနည်းရောင်နေပြီး ၆လလောက်ကြာမှ ပြည့်စုံတဲ့ရလဒ်ကို မြင်တွေ့ရမှာဖြစ်ပြီး အရင်ကထက်အများကြီးလှပလာတော့မှာဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

ထွန်းအိန္ဒြာဗိုလ်က ချစ်ခင်ပွန်းနဲ့အတူတူ ကိုရီးယားနိုင်ငံတစ်ခွင်ကို စိတ်ကြိုက်လည်ပတ်နေပြီး ကိုရီးယားရဲ့ရိုးရာအစားအစာတွေကိုလည်း စိတ်ကြိုက်စားသောက်နေပါတယ်။အခုဆိုရင်တော့ ထွန်းအိန္ဒြာဗိုလ်ရဲ့ခင်ပွန်းက အညှော်ခံလို့မရသေးတဲ့ချစ်ဇနီးလေးရဲ့ရှေ့မှာ အစားအသောက်တွေကို ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်နေတာဖြစ်လို့" အညှော် ခံ လို့ မရသေးပါဘူးဆို .. လုပ်ပေါ့.. အုပ်ထိန်းသူကြီးပဲ ဉစ္စာ."ဆိုပြီး ထွန်းအိန္ဒြာဗိုလ်က ချစ်ခင်ပွန်းရဲ့ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

Photo Credit:Mi Mi Khine's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။