ပရိသတ်အချစ်တော် ရွှေထူးကတော့ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ အပြစ်ပြောစရာမလိုအောင် အရည်အချင်းရှိသူတစ်ယောက် ဖြစ်ပါတယ်။ ရွှေထူးက အဆိုတော်အဖြစ် ဂီတလမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးလာရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေထူးက မင်းသမီးချောလေး ရွှေမှုန်ရတီနဲ့ အိမ်ထောင်ကျပြီး ပျော်ရွှင်စရာကောင်းဘဝလေးတစ်ခုကို ရရှိထားပါတယ်။

Photo Credit-Htoo Khant's FB
Photo Credit-Htoo Khant's FB
Photo Credit-Htoo Khant's FB

ညီအစ်ကိုမောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ရွှေထူးက မိခင်နဲ့ ညီလေး၊ ညီမလေးတွေအပေါ်မှာ တကယ့်ကိုသိတတ်တဲ့ အကြီးဆုံးသားတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလည်း ရွှေထူးက အိမ်ထောင်မကျခင်ကတည်းက အမေ့အတွက် အိမ်လေးတစ်လုံးဝယ်ပေးဖြစ်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ ဒီအိမ်လေးကတော့ ရွှေထူးကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ "ဧည့်သည်" ဇာတ်ကားထဲက အိမ်လေးဖြစ်ကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

Photo Credit-Htoo Khant's FB
Photo Credit-Htoo Khant's FB
Photo Credit-Htoo Khant's FB

ရွှေထူးက " အိမ်ထောင်မကျခင် အမေ့အတွက် အိမ်လေးတစ်လုံးဝယ်ပေးနိုင်ခဲ့တယ်... ဧည့်သည်ထဲကအိမ်လေးပါ " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ မိခင်အပေါ်မှာ ကျေးဇူးသိတတ်ပြီးလိမ္မာတဲ့ သားလေးရွှေထူးကိုတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေအချို့က ချီးကျူးစကားဆိုခဲ့ကြပါသေးတယ်။ ကဲ ရွှေထူးတစ်ယောက် အိမ်ထောင်မကျခင်မှာ အမေ့အတွက်ဝယ်ပေးထားခဲ့တဲ့ အိမ်လေးရဲ့ပုံရိပ်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Htoo Khant's FB 

Photo Credit-Htoo Khant's FB
Photo Credit-Htoo Khant's FB
Photo Credit-Htoo Khant's FB
Photo Credit-Htoo Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။